1. "တထောင်တန် ပုံပြင် (၃)" ဖလင်စတား ၁။ ထို-နောက်တနေ့ရောက်ပြန်လျှင်လည်း ပြည်ရှင်မင်းကြီးလည်း သူဌေးတူကိုခေါ်၍ ရှေးနည်းအတူ မေးတော်မူ၏။ သူဌေးတူလည်း - အသပြာကထောင်ကို စုပုံစေပြီးမှ “အရှင်မင်းကြီး ဒိငယ်နန်းကို အဆန်းတကျယ် ပွတ်သတည်း” ဆိုသောစကားကို ကြားဖူးပါ၏လောဟု လျှောက်ပြီး ဆက်လက်၍ပြောပြလေသည်။
2. ကျွဲမသီချင်းကို နန်းတော်ရှေ့ဆရာတင်ကရေးပြီး မကြည်အောင်က စတင်ဆိုခဲ့ပါတယ်။ ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့စွဲကောင်းပါရဲ့ ကျွဲမ ကျွဲမ ကျွဲမ အသားညို -
3. ကိုကိုးကျွန်းမှာ ညပေါင်းတထောင် ဂုဏ်ရောင်အသင်္ချေ (ခင်မောင်အေး ချောက်)4. ခြေရာတထောင် မောင်မဲခေါင်
5. စာတစောင် ထောင်နှစ်ဆယ့်တနှစ် (ဌေးဝင်း)
6. ဆားပုလင်းနှင်းမောင်နှင့် မ တထောင် တကောင်ဘွား
7. ဆူးတထောင်ထောင်နဲ့ ဖြူကောင်ကို ဘယ်လိုဖက်ရပါ့ မောင်ရဲ မြန်မာပြန်
8. တထောင် (ဂဏန်းရေးနည်း)
9. တထောင့်ကိုးရာ တဆဲ့ငါး (အောင်ဆန်းဇာနည်)10. တထောင့်ကိုရာလေးဆဲ့ခွန် (အောင်ဆန်းဇာနည်)
11. တထောင့်တည (သခင်ဘသောင်း)
12. နေပြည်တော်က နဂါးရုံဘုရားတထောင်ဥယျာဉ်တော် (News Watch Photo news)
13. ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့စွဲကောင်းပါရဲ့ (နုနုရည် အင်းဝ)
14. ဗိုလ်တထောင် မြို့နယ်
15. ဗိုလ်တထောင်ဘုရား
16. ဗိုလ်တထောင်သတင်းစာ
17. ဗုဒ္ဓ၏ ဝါဒတထောင် (အယ်ဒီတာ ဦးအံ့မောင်)
18. ဗုဒ္ဓ၏ ဥပမာတထောင် (လေးမြိုင်)
19. ဗုဒ္ဓဝါဒ အမေးအဖြေ တထောင် (မင်းစန္ဒ)
20. ဗောဓိတထောင်ဘုရား
21. မြစ်ပေါင်းတထောင် တောင်ပေါင်းတသောင်း (မြသန်းတင့်)
22. မိုးကြိုး၊ ။ ပရိယာယ် တထောင်၊ မာရာ တသိန်း အပလိန် အနန္တ ဆိုတာလို ယခုခေတ်က အတုအယောင်တွေ ပေါများတဲ့ခေတ် ဖြစ်လေတော့ ကျွန်တော်လက်သုံးပြုတဲ့ ဘုရားဟော ဉာဏ်ပေတန်သုံးချောင်းနဲ့ သဲအင်းဂူ ဆရာတော်ရဲ့ ခန္ဓာကိုယ်တွေ့ ဉာဏ်ပေတံ တချောင်းကို အလကားပဲတင်း နဲ့ ပေးပါ့မယ်ခင်ဗျား။ ကြိုက်ရင် ယူ မကြိုက်ရင် မယူနဲ့ပေါ့။ (သဲအင်းဂူဆရာတော် ဒိဋ္ဌိသတ် တဏှာသတ် စာအုပ်)
23. မောင်းမတထောင် စူးထုန်၏ ဝတ္ထုလတ် သုံးပုဒ် by Su Tong
24. ရက်ပေါင်းတထောင် (အောင်လင်း)
25. ရည်းစားတထောင် (လင်းဦး)
26. ရှင် ၁၀၀၀ အခါတော်နေ့ကို စာနဲ့ရေးတာ မှန်တာ မတွေ့ပါ။
27. ဝတထောင် သိန်းမောင်
28. သမီး တကောင် နွား တထောင်
29. သိန်းနက်နှင့် အကွေ့ တထောင်
30. အကွေ့ တထောင်
31. အရက်သမား အမှားတထောင် (လူထုဦးလှ)
https://www.youtube.com/watch?v=-Y1GTcOhgvI
မူရင်းစာအရေးအသားကို မှန်အောင် ပြန်တင်တာ အတော်ရှားတယ်။ ဒီလင့်က မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။
တချို့က မ(တစ်)ထောင် (တစ်)ကောင်ဘွား တဲ့။
တချို့က မ(တစ်)ထောင် တကာင်ဘွား တဲ့။
တချို့က မတထောင် (တစ်)ကောင်ဘွား တဲ့။
ခုခေတ် စာရေးကြတာက တကယ့်ကို မ တထောင် တကောင်ဘွား များတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment