စောစာက ကွန်မင့်တခုတွေ့လိုက်တယ်။ ပြန်ရှာလို့မရပါ။ မရမ်းသီးလို့ထင်နေတာ အခုမှ မရန်းသီးလို့သိပါတယ်တဲ့။
ဟုတ်တယ်။ အများစုက ခရမ်းသီး၊ မရမ်းသီးလို့သာ သိကြတယ်။
ပုံနှိပ် မူရင်း ၃ ခုကို သက်သေအဖြစ် တင်ပြပါမယ်။
"တိမ်ပန်းချီ"
တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊
တိမ်ပြာရောယှက်၊ မရန်းဖက်၍
တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်
မှောင်ခဲ့တခါ၊ ပြာခဲ့တချို့
ညို့ခဲ့တလီ၊ နီခဲ့တဖုံ
မှုန်ခဲ့တချက်
ယုဇန်ထက်က၊ လေးဖက်လုံးခြုံ
တိမ်ဂဠုန်လည်း၊ နားရုံကြွေ့
ရန်ချင်းတွေ့သော်
ခိုငွေ့ထွက်ပြိုင်၊ ဂုဏ်ချင်းဆိုင်၏။
တောလား - ရှင်ဥတ္တမကျော်
မှတ်ရန်များ
မရန်းဖက်၍
မှောင်ခဲ့တခါ၊
ပြာခဲ့တချို့
ညို့ခဲ့တလီ၊
နီခဲ့တဖုံ
မှုန်ခဲ့တချက်
သတ်ပုံကျမ်း ၂ ခုကိုလည်း သက်သေအဖြစ် တင်ပြပါမယ်။
ကဝိဓဇသတ်ပုံကျမ်း
မရန်း။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
မရန်းစေ့ရောင်
မရန်းပင်
မရန်းပြား
ဒေါက်တာတင့်ဆွေ





Comments
Post a Comment