Skip to main content

ဘယ်သတင်း မှန်သနည်း

- မြန်မာကျောင်းသားတစ်ချို့ လေဆိပ်တွေမှာ ဖမ်းခံရ

- မြန်မာကျောင်းသားတချို့ လေဆိပ်တွေမှာ ဖမ်းခံရ

အဖမ်းခံရခြင်းကတော့ မှန်ပါ၏။

ကိုယ်ရေးတာသာ မှန်၏ဟု ဆိုကြသည်။

ထို့ကြောင့် မြန်မာစာသည် 

နေပြည်တော်မှာဖြစ်စေ 

နယူးယော့မှာဖြစ်စေ

အဖမ်းခံရမည်။

တခန်းရပ်ပြဇာတ် — န / တခန်းယတ်ပျာ့ဇာတ် / ဇာတ်ခန်း တခန်းသာ ပါဝင်သော ပြဇာတ်တို။

တချော့ — န / တချော့ / ရွက်အိုးခြောက်လုံးစာ ထန်းရည်ထည့် ကျို၍ရသော ထန်းလျက်ပမာဏ။ “တချော့ဆိုသည် တအိုး၊ တဖွယ်ကျိုကို ခေါ်၏။” စာဗိမာန်၊ ၃၊ ၁၁၊ ၄၇။

တချို့ — န / တချို့ / တစိတ်တဒေသ။ အနည်းငယ်။ “တထွေ ရုပ်ဆင်း၊ အကင်းစိစို့၊ ညှို့ရို့လျှင်၊ တချို့ရင့်၍” သစ္စာ * ၆၂။

တချို့တလေ — န / တချို့တလေ / တစိတ် တဒေသခန့်။ အနည်းငယ်မျှ။ “တချို့တလေ အနည်းငယ်မျှ ကံကျန်ကြလျှင်” နိရို ပ။ ၅၄။

တချိုးတည်း — ကြိဝိ / တချိုးပဲ / တချိုးစီး / တမျိုးအစားတည်း။ တပုံတည်း။

တချက်တည်း — ကြိဝိ / တချက်ထဲ / တပြိုင်နက်။ အတူတကွ။ “နဂါးတို့ကိုမြင်၍ တပြိုင်နက် တချက်တည်း ကြွေးကြော် ငိုမြည်တမ်းကြကုန်၏။” ဘူဓာတ်။ ၁၄။

တချက်လွှတ် — ကြိဝိ / တချက်လွှတ် / ပြန်လည် ရုပ်သိမ်းခြင်း၊ ပြင်ဆင် ပြောင်းလဲခြင်း မရှိဘဲ။ “ရှင်ဘုရင် ဆိုတာမျိုးဟာ တချက်လွှတ်အမိန့်တော်မှတ်ပြီးရင် ဘယ်လိုဘဲ တောင်းပန်ပေ့ မရဘူးပေါ့။” မြန်ပုံ။ ၁၃။

ကောက်ချက်

အထက်ပါအကြောင်းပြချက်များအရ

မြန်မာစာသည် တချက်လွှတ်အမိန့်တော်အရ 

တခန်းရပ်ပြဇာတ် ဖြစ်သွားတော့၏။

တချို့တလေ အနည်းငယ်မျှ အကောင်းပကတိ ကျန်ပါသေး၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ