၁၀ နှစ်တိတိကစာ
မေးခွန်း = မင်္ဂလာပါ ဝန်ကြီးခင်ဗျာ။ အလုပ်တွေအရမ်းများလို့ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်ခင်ဗျာ။ ဝန်ကြီးရဲ့ စာဖတ် ပရိတ်သတ်ပါခင်ဗျ။
ဟုတ်။ ဝန်ကြီးတော့ မဟုတ်ပါ။
မေးခွန်း = အရင်က NCGUB မှာ ဝန်ကြီးတာဝန်ယူဖူးတယ်လို့သိရလို့ပါခင်ဗျ။ ဆေးပညာကော မြန်မာစာအရေးအသား သတ်ပုံပါ လေ့လာခွင့်ရလို့လူငယ်တွေကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျ
မေးခွန်း = အော် ဟုတ်တယ်။ ကြာပြီပေါ့။ ကျွန်တော် University စတက်ကတည်းက သတင်းမှာ ပုံကိုခဏခဏ မြင်ဖူးပါတယ်ခင်ဗျ။ ကျွန်တော်တို့လူငယ်တွေ အနာဂတ်မြန်မာပြည်အတွက် ဆောင်ရွက်သင့်တာကိုလည်း လမ်းညွှန်စကားများ ပြောကြားပေးစေလိုပါတယ်ခင်ဗျ။ ကျွန်တော့်အသက်က ၂၄ နှစ်။ ရဲအရာရှိပါခင်ဗျ။ အမည်က့ လို့ ခေါ်ပါတယ်ခင်ဗျ။
ပြန်စာ
• ဝန်ကြီးဆိုပြီး အကြာကြီးအခေါ်ခံရဘူးတယ်။
• လုပ်ခဲ့ရတာတွေကတော့ ပလေကပ်ကိုင်ပြီး လမ်းတွေပေါ်မှာထိုင်ရတယ်။
• ဒို့အရေး၊ ဒို့အရေး အော်အော်ပေးရတယ်။
• အစည်းအဝေးတွေမှာ ဆွေးနွေးရတယ်။
• ဟိုနေရာသည်နေရာမှာ မိန့်ခွန်းဆိုတာခြွေရတယ်။
• အခြေအနေထူးရင် အင်တာဗျူးပေးရတယ်။
• စာတိုပေစ ရေးရသေးတယ်။
• သူများလွှတ်တော်တို့ ကွန်ဂရက်တို့မှာ တက်ရတယ်။
• ကျိန်းကျေသွားပြီပေါ့ဗျာ။
မှတ်ချက်။ ကျွန်တော်က NCGUB စင်ပြိုင်အစိုးရမှာ ၂၃-၇-၁၉၉၅ ကနေ ၁၄-၉-၂ဝ၁၂ နေ့ ဖျက်သိမ်းတဲ့အထိ ဝန်ကြီးနာမည်နဲ့ တာဝန်ရှိခဲ့ပါတယ်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမော္ဘဒီယား၊ နီပေါ၊ ယူအက်စ်၊ စတဲ့ လွှတ်တော်တွေကို ရောက်ခဲ့ရဖူးတယ်။ အများဆုံးကတော့ နယူးဒေလီမြို့လယ်က ဂျန်တားမန်းတားလမ်းမပေါ်မှာ ခဏခဏဆန္ဒပြရတယ်။
ဓါတ်ပုံ = ၁-၁၂-၂၀၁၂ နေ့ လက်ပတောင်းတောင်အရေးဆန္ဒပြပွဲ၊ နယူးဒေလီ။
ဒေါက်တာတင့်ဆွေ
၃၀-၇-၂၀၁၆

Comments
Post a Comment