Skip to main content

အစင် မရှိ အဆင် ရှိ

ခု မိန်းကလေးတွေကြား ခေတ်စားနေတဲ့

အစင်လေး ငမ်း နဲ့ အဆင် လေးငမ်း၊

ဘယ်ဟာက မှန်သလဲဆရာ။

အစင် မရှိ။

အစင်း ရှိ။

အဆင် ရှိ။

အစဉ်¹ – န /အစင်/ ၁၊ ရှေ့နောက်နိမ့်မြင့်စသည် စီတန်းလျက် တည်ရှိခြင်း။ အစီအစဉ်။ “အမည်ကိုးပါး၊ အစဉ်အားဖြင့်။” ဓမ္မ*၁၀၁။ ၂၊ ပြုမြဲဖြစ်သော အစဉ်အလာ။ ထုံးစံ။ “ဤကားတောသွား၊ ခွေးကိုက်သားထိုး၊ မုတ်ဆိုးတို့၊ စုစားရသော အစဉ်ဖြစ်သည်။” နု။ ၃၅၅။

အစဉ်² – ကြိဝိ /အစင်/ ထာဝရ။ အမြဲ။ “ကိုယ်တော်မြတ်တွင် မပြတ်ဆင်း၊ အစဉ် သုံးဆောင်တော်မူပါ။” ဝိဇယ။ ၅၈။

အစဉ်တစိုက် – ကြိဝိ /အစင်ဒဇိုက်/ ၁၊ ရှေ့နောက်၊ ကြီးငယ်စသည်အစဉ်ကိုလိုက်၍။ အစီအစဉ်အတိုင်း။ “အင်္ဂါ ဗုဒ္ဓဟူး စသည်ဖြင့် အစဉ်တစိုက် ၁၆ – ခု စေ့အောင်ရေတွက်သွားသော။” လား။ ၅ဂ။ ၂၊ တဆက်တည်း။ တောက်လျှောက်။ မရပ်မနား။ “ဧရာမြို့တော်သို့ အရောက် အစဉ်တစိုက် တရှိန်ထိုး ချီတက်တိုက်ခိုက်သွားပါက။” စစ်သား၊ ဒု။ ၁၅။ ၃၊ ထက်ကြပ်မကွာ။ “သင်အဘယ်ကိုအလိုရှိ၍ ရထား နောက်စွန်းကို ကိုင်လျက် အစဉ်တစိုက် လိုက်ဘိသနည်း။” မဟော၊ ပ။ ၃၃။ ၄၊ အစဉ်² – ကြိဝိ၊ နှင့် အတူတူ။

အဆင် – န /အဆင်/ ၁၊ အဝတ်အထည်စသည်တွင် ဖော်ထားသော ပန်းပွင့်၊ အကွက်စသည်။ “လုံချည်ကို ကိုင်ပြီးလျှင် တယ်အဆင်ကောင်းပါလား....ဟု ဆိုရာ။” မြင့်၊ ပ။ ၁၅။ ၂၊ ပုံပန်းသဏ္ဌာန်။ သွင်ပြင်လက္ခဏာ။ “မဖြူရုပ်သွင်၊ သုအဆင်ကို၊ မမြင်စေပဲ၊ သစ်ခေါင်းထဲက။” ဥမ္မာ* ၅၂။ ၃၊ အခြေအနေ။ အရိပ်အကဲ။ “ရောဂါအဆင်ကို စောင့်၍ ခွဲခြားပြုစုသင့်ပေးသည်။” စာဗိမာန်၊ ၁၊ ၆။ ဂ၄။

အဆင်တန်ဆာ – န /အဆင်ဒဇာ/ တင့်တယ် လှပစေရန် ဆင်ယင်ရသော အဝတ်အစား၊ ပစ္စည်း၊ ကိရိယာစသည်။ “သိကြားမင်းနှင့်တူစွာ အဆင်တန်ဆာတို့ကို။” အင်းလူးပြ။ ၁၉။

အဆင်ပလင် – န /အဆင်ပလင်/ အဆင် – န၊ ၃၊ နှင့် အတူတူ။ “ဝိပဿလည်း ကိုယ်တော်မြတ်များ အဆင်ပလင် အနေအတိုင် အခိုက်အခြံကို။” ဝံသသစ်၊ ပ။ ၄၂၇။

အဆင်ပြေ – ကြိ /အဆင်ပြေ/ ၁၊ အခြေအနေကောင်းမွန်သည်။ ခက်ခဲမှုမရှိ လွယ်ကူချောမောသည်။ နေရာကျသည်။ “မြေပြန့်များရှိသည့်အလျောက် စိုက်ပျိုးရေးတွင် အထူးကောင်းမွန်၍ အဆင်ပြေလေသည်။” စွယ်ကျမ်း၊ ၅။ ၄၅၇။ ၂၊ ကြည့်ရှုကောင်းသည်။ တင့်တယ်သည်။ “ကြည့်ရှုမငြီးနိုင်လောက်အောင်ပင် အဆင်ပြေလှပေ၏။” နန္ဒီ။ ၁၁။ ၃၊ 

(၂)

ဖက်ဖူးဆင် ခင်ခင်ကြိုက်တယ် အလိုရှင်... သူကြည့်ရင် ရှက်လှတယ်လေး.. လေး

https://www.tiktok.com/@mays.1962/video/7651837840220884242

(၃)

အရုဏ်ဦး၌

အဖူး အဆင်၊  မြစိမ်းပင်ကား

မြေတွင် လဲလျက်၊ ကြွေနွမ်းလျက်တည့်

ပေါင်းမြက်ရှုပ်မိုး၊ ခြံစည်းရိုးမှ

ထိုးဖောက်ဝင့်သိုင်း၊ ပိုင်းအရိုင်းသာ

မုန်တိုင်းထဲ၌ ပွင့်တတည်း။ ။ (ပျဉ်းမနား မောင်နီသင်း)

လိုက်လျောညီထွေရှိသည်။ သင့်တင့်လျောက်ပတ်သည်။ “ပတ်ဝန်းကျင် အခြေအနေနှင့် အဆင်ပြေစေရန်။” လူထုသိပ္ပံ၊ ဇ။ ၁၉။

စင် စဉ် ဆင် https://burmese-spelling.blogspot.com/2022/08/blog-post_45.html

အဆင်သင့် https://burmese-spelling.blogspot.com/2025/10/blog-post_426.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ