(နွယ်သာကီသံဖြတ်)
ရေပြာ ရွှေကြာ ဝေဆာမွေးသပ၊
ရွှေညာကျေးက တက္ကသိုလ်ရှင် ...။
ပုဏ္ဍရိက ဂုဏ်ဝါ စုံစွာကျင်း၊
ဘုံပါလင်းတဲ့ တက္ကသိုလ် ...။ကမ္ဘောတုန် စာစုံ အညာဂုဏ်ပျံ့တဲ့၊
ရတနာပုံမြို့က တက္ကသိုလ် ...။
နံ့သာမွေးမြ ပန်းတခက်လို၊
အညာကျေးက မန်းတက္ကသိုလ်...။
နေခြည်အစောင်း ...
လေပြည်လောင်းတော့ ...
ဆွေမဒီအပေါင်းက လမ်းလျှောက်လာ၊
ရေနီမြောင်းက လွမ်းလောက်စရာလှေ့ ...။
တိမ်တန်းဆင်လို့ ရီပြာပြာ၊
စိန်ပန်းပင်တို့ နီတျာတျာ ...။
ကျောင်းအဝင်လမ်းက ကျောက်သစေ့၊
ထနောင်းပင်တန်းက အခက်ဝေရှဉ့် ...။
ရှမ်းရိုးမက မြူခိုးဝေယင်၊
လွမ်းမိုးကျလို့ ပူမျိုးထွေသရှင် ...။
ဆရာတပည့် လက်ညီစွာငယ်၊
ကမ္ဘာသိတဲ့ တက္ကသီလာရယ် ...။
အနုအလှတို့ မက်သကို၏
သုခမြို့ တက္ကသိုလ်လေ ...။
မေခပင်တို့ ဘက်ညီညာ၊
ရွှေခြေကျင်းတို့ တက္ကသီလာတော့ ...။
မေလွမ်းယောင်လို့ တ,တဲ့အခါနော်
ရွှေမန်းဆောင်သို့ ကြွခဲ့ပါတော်၊
လောကီအပေါင်းကို ခွဲပါချင်လျှင်၊
ဗောဓိကျောင်းသို့ လာပါရှင် ...။
အလို ... ဖရက်ရှာကလေး ...
ရက်ကြာမနှေးစေနှင့်၊
အထက်အညာကျေး တက္ကသိုလ်မကိုဋ်ဆီမှာ
ရွှေညာသူ ပျိုဖြူတသိုက်ကွယ်တို့၊
အမျှော်စိုက်ကာ ရွှင်ချိုချိုပ
သပြေညို အောင်ညွန့်ပန်းတွေနဲ့၊
လက်ကမ်းကာ ကြိုနှင့်မယ်လေး ...။ ။ (တင်မိုး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment