တိမ်သဘင် ရှုမငြီးသော်လည်း
သည်ခရီး ဘယ်ဆီ ယွန်းပေလိမ့်
ကွန်းခိုရာ ဘယ်မှာညွှန်းမည်မို့
လွမ်းတတ်အောင်ဘဲ။
ကျော်ကျော်ဝင်း (တောင်တံခါး)
ဆေးကျောင်းကတည်းက ခင်မင်ရင်းနှီးတဲ့သူငယ်ချင်း ဖြစ်ပါတယ်။ သက်တူရွယ်တူ။
သူ အခုကဗျာနဲ့အတူ ဖေ့စ်ဘွတ်ကနေ နားတော့မယ်လို့ဆိုပါတယ်။
သူ့ဆုံးဖြတ်ကြောင့် ကိုယ့်အတွက်လည်း ထည့်စဉ်းစားရပြီ။
အတန်းတူ အမျိုးသမီးဆရာဝန်တဦးက အဲလိုဆုံးဖြတ်ချက်နဲ့အတူ ဖေ့စ်ဘွတ်မှာ စာတွေမတင်တော့တာ ငါးနှစ် ခြောက်နှစ် မကတော့ပါ။
ဆရာဝန်ဖြစ်ဖြစ် တခြားအသက်မွေးမှုက ပုဂ္ဂိုလ်တွေဖြစ်ဖြစ် တူတဲ့အရာတွေမှာ တူညီကြပါသည်။
လူတိုင်းရဲ့သက်တမ်းကတော့ အများကြီး ကွာခြားခြင်း မရှိလှပါ။
ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ကိုဗစ်ဘေး၊ ငလျင်ဘေး စတာတွေကလည်း လူမရွေးပါ။
အရွယ် မရွေးပါ။ နေထိုင်ရာတိုင်းပြည် မရွေးပါ။
ကျွန်တော်က ဆရာဝန်အဖြစ်ကနေ နိုင်ငံရေးထဲမှာလည်း ပါတယ်။
ကျွန်တော်တို့ ၁၉၉၀ ထက် ဝါကြီးကြတဲ့ ၁၉၈၈ အစုကြီးထဲကသူတွေ မရေမတွက်နိုင်အောင် ခွဲခွါသွားကြပါပြီ။
၁၉၉၀ ထဲကနည်း နည်းနည်းလာပြီ။
၁၉၆၅-၁၉၇၂ ဆေး/မန်း အစုထဲကလည်း ခွဲခွဲသွားကြပြီ။
နှုတ်မဆက်အားသူတွေကလည်း ဒုနဲ့ဒေး။
ဆည်းဆာချိန် နှစ်မျိုးရှိပါသည်။
အနောက်ဂေါယာ = မြင်းမိုရ်တောင်၏ အနောက်ဘက်တွင် ရှိသော ကျွန်းကြီး။ အနောက်ကျွန်း။
“တောင်ထိပ်ရွှေကြာ၊ မြဂေါယာက၊ ဖလ်လွှာနေဝန်း၊ ပေါ်ထွက်ငြမ်းသို့။”
အသက်ရှင်ကာ ကျန်းမာကြစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment