ပြန်စာ
အဝိုင်းမဟုတ်။ လေးဒေါင့်။ အရောင်နဲ့ပြထားတယ်မဟုတ်ပါလား။
Squircle (စကွက်ကယ်လ်) ဆိုသည်မှာ လေးထောင့်စတုဂံနှင့် စက်ဝိုင်းတို့ကြားရှိ အလယ်အလတ် ပုံသဏ္ဌာန်တခု ဖြစ်သည်။
"Squircle" ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အနည်းဆုံး နှစ်မျိုးရှိပြီး တခုမှာ Superellipse ပေါ်တွင် အခြေခံထားပြီး
အခြားတခုမှာ အလင်းဆိုင်ရာရူပဗေဒ (Optics) လေ့လာမှုများမှ ပေါ်ထွက်လာခြင်းဖြစ်သည်။
"Squircle" ဟူသော စကားလုံးသည် "Square" (စတုဂံ) နှင့် "Circle" (စက်ဝိုင်း) ဟူသော စကားလုံးနှစ်ခုကို ပေါင်းစပ်ဖန်တီးထားသည့် စကားလုံးသစ်ဖြစ်သည်။
Squircle ပုံသဏ္ဌာန်များကို ဒီဇိုင်းပိုင်းနှင့် အလင်းဆိုင်ရာရူပဗေဒနယ်ပယ်တို့တွင် အသုံးပြုကြသည်။
အဲလိုဘဲ တချို့ကွန်မင့်တွေက ဂွကျတယ်။
တင်ထားတဲ့စာထဲမှာ အမှန်စာလုံးပါနေတာကို ဘယ်ဟာအမှန်လဲ မေးကြတယ်။
မူကွဲဆိုလည်း မူကွဲလို့ပါပြီးသား။
ဂွကျတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment