(မြဇင်)
စာမျက်နှာ ၁၆၂
ပုံစံပြထားသော နိမိတ်ပုံတို့တွင် ပမာ
အလင်္ကာလည်း ပါသည်။ ရူပကအလင်္ကာလည်းပါသည်။ သမာဓိဂုဏ်မြောက်သော
အလင်္ကာတန်ဆာလည်းပါသည်။ နိမိတ်ပုံ သက်သက်လည်းပါသည်။
ပေါ်ပြန်လဲမသက်သာ၊
ချောင်းအစွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့ လာ၊
ဘဲအုပ်မှ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ၊
အယက်အကန် ခံလို့၊
ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ဘဲ။
အယက်အကန် ခံနေရသော်လည်း အံကိုခဲပြီး
ပန်းပန်လျက်ရှိသော ဗေဒါ၏ နိမိတ်ပုံသည် သမာဓိဂုဏ်မြောက်ကြောင်း သိလွယ်သည်။ သို့သော် ဗေဒါသည် လူကဲ့သို့ပြုမည် မကဘဲ လူကို ကိုယ်စားပြုသည်။
ဗေဒါလမ်းကဗျာများထဲမှ ဗေဒါသည် လူသားတို့ ဖြစ်သည်။ ဗေဒါခံစားရသော အခြေအနေများသည်
လူသားတို့ ခံစားရသော အခြေအနေများ ဖြစ်သည်။
ဒီစာအုပ်ကို ၁၉၇၃၊ နိုဝင်ဘာလမှာ
ထုတ်ပါတယ်။
ဗေဒါလမ်းကဗျာတွေကို ပြန်ထုတ်ကြတယ်။
ကူးယူတင်ပြကြတယ်။ တွေ့သမျှ မူရင်းသတ်ပုံတွေအတိုင်း မဟုတ်ပါ။
တရာနှစ်ရာ မှားကြတယ်။ တတွေကို မလိုအပ်ဘဲ
တစ်ခိုင်းထားလို့။
တပင်ထဲ မှားကြတယ်။ တတွေကို မလိုအပ်ဘဲ
တစ်ခိုင်းထားလို့။
ပန်းပန်လျက်ဘဲ မှားကြတယ်။ မ နောက်ဘဲ လိုက် ဆိုပြီး လွဲသင်ထားလို့။
မြန်မာစာ အယက်အကန်ခံနေရပါတော့သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment