တအံ့တသြဆိုသည်မှာ အလွန်အမင်း အံ့ဩခြင်း၊ အံ့အားသင့်ခြင်း သို့မဟုတ် ထူးဆန်းအံ့ဩဖွယ်ရာ ဖြစ်ခြင်းကို ဆိုလိုသည်။ စိတ်လှုပ်ရှားမှု သို့မဟုတ် မျှော်လင့်မထားသော အရာတခုခုကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားရလောက်အောင် အံ့ဩရသည့် အခြေအနေမျိုးတွင် သုံးနှုန်းလေ့ရှိသည်။
Amazingly ကို
မြန်မာလို တအံ့တသြ သို့မဟုတ် အံ့ဩစရာကောင်းလောက်အောင်လို့ ဘာသာပြန်ပါတယ်။
(၁)
နေမိဘုံခန်းပျို့ (ရှင်အဂ္ဂသမာဓိ)
စာဆိုပညာရှိတဦး၏ ထွားထွားရင့်သန်သော ပင်ကိုယ်ဉာဏ်မှ ပေါက်ဖွားလာသည့် ပျို့မျိုးပင် ဖြစ်သည်။
ရှင်တကာတို့
တအံ့တသြ ငေးမောချီးမွမ်းကြရကုန်သည်။
ဘုံခန်း
မစမ်းနဲ့
ဘုံခန်းလည်း
မြောက်လွန်းလှသည်
ခုခေတ်
မြန်မာစာနဲ့ စာပေပညာရှိများရေးသားကြတာတွေကိုတော့
ရှင်(တစ်)ကာတို့
(တစ်)အံ့(တစ်)သြ ငေးမောချီးမွမ်းကြရကုန်၏။
ရောင်းကောင်းလို့။
(တစ်)မိဘုံခန်းပျို့။
ဗိုလ်နေဝင်ခေတ်တုန်းက
အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေကို လူကြားကောင်း သိပ်လုပ်ပြနေချိန်မှာ
ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ကလည်း ဗောင်းတော်ညိတ်
စိတ်တော်သိ။တက္ကသိုလ်ကျောင်းသား ကျောင်းကျောင်းသူတွေ မြန်မာအမျိုးသားဝတ်စုံတွေ
ဝတ်ဆင်ရမယ်လို့ အမိန့် ထုတ်ပါသတဲ့။ ကျောင်းသားတွေကြား ဂယက်ရိုက်ပြီး
တအုံနွေးနွေး ဖြစ်နေကြပါသတဲ့။ အမိန့်ထုတ်ပြီး နောက်တနေ့မှာ ထူးထူးခြားခြား
ပုဂ္ဂိုလ်တဦး ကျောင်းထဲဝင်လာတယ်။ ခေါင်းပေါင်းကြီး တလူလူ၊ အပေါ်ဝတ်ကရင်ဖုံး၊
ပုဆိုးကတောင်ရှည်၊ ခန့်ခန့်ထည်ထည် ဝင်လာပါသတဲ့။
သေချာကြည့်ကြတော့
သမိုင်းပါမောက္ခဒေါက်တာသန်းထွန်း။ တအံ့တသြ ဖြစ်ကြရုံကလွဲပြီး ဘယ်သူမှ
မမေးရဲမပြောရဲကြ။
(၃)
ဒါထက်တော့
မရှော့နိုင်ဘူး
ရွာတရွာတွင်
ဖိုးထွားဆိုသော လူတယောက် ရှိလေသည်။ တနေ့တွင် ယာတော၌ အလွန်ကြီးသော
မြွေကြီးတကောင်ကို တွေ့လာသည်။ ရွာရောက်သောအခါ ရွာသားများအား တအံ့တသြ
ပြောပြလေတော့သည်။
ကျုပ်ဖြင့်ဗျာ
သဟာလောက်ကြီးတဲ့ မြွေမျိုး တခါဘူးမှ မတွေ့ဘူးဘူး။
(၄)
မြန်မာစာသတ်ပုံပျက်ခေတ်မှာ
ဂိုဏ်းကြီး ၄ ဂိုဏ်းရှိနေပြီ။
၁။
တအံ့တသြ
၂။
တစ်အံ့တသြ
၃။
တအံ့တစ်သြ
၄။
တစ်အံ့တစ်သြ
တစ် လေလေ
လူကြိုက်များလေလေ။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment