၁။ လျှင် နှင့် လျင် ဘယ်ဟာ အမှန်လဲဆရာ။ အသုံးပြုပုံလေး နားလည်လွယ်အောင် ရှင်းပြပေးပါလား။၂။ လျင်လျင် ဆိုတာ များများ ဆိုတဲ့အဓိပ္ပါယ်လား ဆရာ။
၃။ ဆရာရှင့် မင်္ဂလာပါ လျှင် နဲ့ လျင် ကိုမေးချင်လို့ပါ တစ်ခုခု(တခုခု)ကို ပြောမ
ကောက်လျင်
ငလျင်တော်လည်း
ငလျင်လှုပ်သည်
ဆောလျင်စွာ
နှမ်းလျင်
ပြောင်းလျင်
ပဲလျင်
မြေငလျင်
လျင်ခုပ်
လျင်ဆော
လျင်မြန်
လျင်လျား
လွန်းလျင်သွား၊ (ယက်ကန်းကိရိယာ)
သံလျင်မြို့
သူဇာပျို့တွင် ‘ကျွန်မအလျင်၊ ရောက်ဦးလျှင်မူ၊ သေရှင်မညှာ’
ယိုးဒယားမိဖုရားဧချင်းတွင် ‘နင်းလေနတ်ခွင်၊ ခန္ဓာလျင်က၊ ဘွားလျှင်သားချင်း’
အလျင်စလို
အလျင်နှစ်က
အလျင်လို လမ်းအိုလိုက်
အိုးတလုံးလျှင် လေးကျပ်ပေးရသည်
လျှင်
ကျွန်ုပ် ထီပေါက်ခဲ့လျှင်
ကူညီနိုင်လျှင်
ဆိုလျှင်
တလလျှင်
ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။
နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ (ဆိုရိုးစကား)
ပြောလျှင်
မိုးတွေရွာမှဖြင့်လျှင်ကွယ် (တက္ကသိုလ်ဘုန်းနိုင်)
မိုးဦးကာလ ချောင်းကျပြီဆိုလျှင်
လာလျှင်
သွားလျှင်
သူပေးလျှင် ငါစားမည်
အချိန်ရှိလျှင်
အိပ်ရာထနောက်ကျလျှင်
လျင် လျှင် ရင် ယင် https://burmese-spelling.blogspot.com/2024/09/blog-post_8.html
ဒေါက်တာတင့်ဆွေ

.jpg)


Comments
Post a Comment