ခဂငဒပဝ (ခဂူငေါဒေါပုံဝ) ၆ လုံးကို မောက်ချပါ = မှန်တယ်။
ကျန် ၂၇ လုံးကို မောက်ချနဲ့မရေးရ = မမှန်ပါ။
စကားဖါသည်
စပ်ဖါသည်
စူလာနဖါပင်
ထန်းခေါက်ဖါ (ထည့်စရာ)
နားဖါချေး
ဖါချုပ်သည်
ဖါတန်း (ကိုယ်ခန္ဓာရင်းနှီးစားသူ မိန်းကလေးများ ရှိရာအရပ်)
ဖါဖါထေးထေးပြောဆိုသည်
ဖါလုံ (၈ ဖါလုံ = တမိုင်)
ဖါလာစေ့
ဖါလူဒါ
ဖါသည် (ကိုယ်ခန္ဓာရင်းနှီးစားသူ မိန်းကလေး)
ဖါထေးသည်
အပေါက်ဖါသည်
နှီးဖါ (ထည့်စရာ)
မှတ်ရန် - ဖာ လို့ရေးမှသာ မှန်တာမဟုတ်ပါ။
စကားပြောရာမှာ မိမိဖါသာ၊ ကိုယ့်ဖါကိုယ်၊ သူ့ဖါသူ စသဖြင့်သုံးကြတယ်။ ဖါကိုလို့ ပြောရင် (ကန်တော့) ဖာသည်ကို ဖြစ်စေနိုင်တယ်။ ကို နဲ့ ကိုယ် မတူပါ။ ကိုက ရှေ့ကပုဒ်ကို ပြုလုပ်တာ။ ကိုယ်က ကိုယ်တိုင်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment