ဘဝနာလေ ရသစာတွေ ကဗျာတွေ ထွက်လာလေ။
တိုင်းပြည် ကျွန်ဘဝတုန်းက တော်လှန်ရေးစာတွေ၊ ကဗျာတွေ၊ တေးသီချင်းတွေ ထွက်လာခဲ့တယ်။
ဘုရင်တွေခေတ်ကတည်းက ဘုန်းတော်ဘွဲ့တွေရှိတယ်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ပြီးစခေတ်၊ စစ်အာဏာ ပဌမအကြိမ်၊ ဒုတိယအကြိမ်တွေမှာလည်း ဘောင်းတော်ညိတ့် စိတ်တော်သိတွေ ရေနရာ ရာထူးရကြတယ်။
တချိန်တုန်းကတော့ မိုးလားကဲလားတွေ နိုင်ငံတော်ရာထူးတွေရကြတယ်။
အခုတော့ မြန်မာ့သမိုင်းမှာ သန်းကောင်းထက် ညဉ့်မနက် အခြေအနေဖြစ်လာတယ်။
ဘဝနာလေ ရသစာတွေ ကဗျာတွေ ထွက်လာလေ။
ဒါပေမဲ့ ရသရယ်လို့ မဟုတ်တော့ဘဲ
ဒေါသ ကိုသာကြားရ ဖတ်ရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment