မြနန္ဒာသီချင်းကြားတိုင်း တင်ထားတာကိုတွေ့တိုင်း ဆရာမောင်သာနိုးရေးထားကို အမှတ်ရပါတယ်။
"နိုင်ငံကျော် သင်္ကြန်သီချင်းတပုဒ်မှာ စာသားက မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ် ရယ်လို့ ဖြစ်ပါတယ်။ ကိုအံ့ကြီးသီဆို အသံသွင်းထားရမှာလည်း အဲဒီအတိုင်းပဲ ကြားနိုင်ပါတယ်။"
"ဒါကို နောက်ပေါက် အဆိုတော်တဦးက မြလေးလေးနန္ဒာ ရေညိုညို ရစ်ကာသန်းတော့ ရယ်လို့ ဖျက်ဆီးပစ်လိုက်တယ်။ မြနန္ဒာကို မြလေးလေးနန္ဒာလုပ်ပစ်တာက ရှိရင်းစွဲ စာသားနဲ့တင် စည်းဝါးကိုက်အောင် မဆိုနိုင်ရှာလို့ - လို့ နားလည်ရတယ်။
"ရစ်ကာသန်းတဲ့ကို ရစ်ကာသန်းတော့ လုပ်လိုက်တာကတော့ မြန်မာစကားကို မတတ်တာပါပဲ။" ေ
"ရှးအတိတ်တဘောင်က အသက်ကလေးရယ်တဲ့ ရှည်စေလို၊ မြနန္ဒာရေညိုသန်းတဲ့ (တယ်) မန်းတောင်ရိပ်ခို ရယ်လို့ ရှိတယ်။ ဒါကို သီချင်းထဲမှာ သုံးထားတာပဲ ဖြစ်တယ်။ ရေညိုသန်းတော့ မန်းတောင်ရိပ်ခို ဆိုတော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ ရေညိုသန်းသောအခါ မန်းတောင်ရိပ်ခို ဆိုတာ စကားအဆက်အစပ်ကို မရှိတော့ဘူး။"
ကိုအံကြီး၊ မြို့မငြိမ်း ရွှေမန်းတောင်ရိပ်ခို https://www.youtube.com/watch?v=J7Q8xqRrMJc
မြနန္ဒာသီချင်းကိုတော့ နန်းတော်ရေ့ဆရာတင်က ရေးပါတယ်။
မူလရေးထားတာတွေကို လိုသလိုလိုက်ပြင်တော့ ပျက်တယ်။
"အမှန်ဧဝကန်မှာ တစ်ဖန်ရွှေမြို့နန္ဒာသန်းသော မန်းရိပ်ခို" လို့ ရေးတဲ့ အပျက်ခေတ် ကုန်ဆုံးပါစေသတည်း။
"တစ်ဖန်" မဟုတ်ပါ။
မြနန္ဒာ https://www.youtube.com/watch?v=DIKRZeNEiz4
မြနန္ဒာ - ကိုအံ့ကြီး https://www.youtube.com/watch?v=oWGhKwiMmao
ဆရာမောင်သာနိုးလို ဘာသာစကားပညာရှင်မဟုတ်တဲ့ ဆရာဝန်မျှသာဖြစ်တဲ့ ကျွန်တော်ကတော့ အဲလိုအဆီအငေါ်မတည့်တဲ့ သီချင်းစသားတွေကို နေ့တိုင်း ၁၀ ပုဒ် မက မြင်နေရတယ်။
အဆိုတော် ကျား-မ တွေကအမျိုးမျိူး၊ သီချင်းစာသားထဲမှာ ဘာမဆိုင်ညာမဆိုင် သင်္ချာနဲ့ နည်းပညာ သင်္ကေတာတွေအဖုံဖုံ အတော်ကိုမျက်စိနောက်တယ်။
မြန်မာစာပျက်တာ တ နဲ့ တစ် သာမဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
၁၁-၁၀-၂၀၁၈

Comments
Post a Comment