Skip to main content

ရေနံ့သာခင်ခင်ကြီး

ကြော်ငြာစာ

ပုံထဲပါ စာအရေဒအသား သတ်ပုံတွေ မှန်သည်။ ပုံအတွက် ကျေးဇူး။

ပုံနဲ့အတူ တင်ထားသူကတော့ သတ်ပုံတွေ မမှန်ပါ။

အထက်တဝက် အောက်တဝက် နဲ့အလားတူ မြန်မာနဲ့ အင်္ဂလိပ် ဆိုစကား

တပိုင်းတစ / တဝက်တပျက် = အရာရာကို အဆုံးမရောက်ဘဲ တဝက်တပျက် လုပ်ဆောင်ခြင်းကို ညွှန်းဆိုသည်။

ခေါင်းမပေါ် ခြေမပေါ် (သို့မဟုတ်) ရေစုန်မျော ရေဆန်ကူး = အခြေအနေ မသေချာမရေရာဘဲ ဝိုးတဝါးဖြစ်နေခြင်းကို ဖော်ပြသည်။

တဝက်တပျက် သဘောတရား = အပြည့်အဝ နားလည်ခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း မရှိဘဲ တစိတ်တပိုင်းသာ ရှိခြင်း။

အင်္ဂလိပ် ဆိုစကား / အသုံးအနှုန်းများ (Idioms & Expressions)

Half-baked:

မမှည့်ဝေသေးသော၊ စဉ်းစားတွေးခေါ်မှု မပြည့်ဝသေးသော (သို့မဟုတ်) အလုပ်တခုကို အပြည့်အဝ မပြင်ဆင်ရသေးဘဲ တဝက်တပျက်လုပ်ထားခြင်း။

Neither here nor there:

တိကျသေချာမှုမရှိခြင်း၊ အထက်လည်းမဟုတ် အောက်လည်းမဟုတ်ဘဲ အလယ်အလတ် အနေအထားတွင် တဝဲလည်လည် ဖြစ်နေခြင်း။

In two minds (or Half and half):

အဓိပ္ပာယ်: တဝက်တပျက်ဖြစ်နေခြင်း (သို့မဟုတ်) ဆုံးဖြတ်ချက် မပြတ်သားဘဲ နှစ်ခွဖြစ်နေခြင်း။

Half a loaf is better than none:

အလုံးစုံ မရင်တောင် တဝက်တပျက် (အနည်းငယ်) ရတာက လုံးဝမရတာထက် ပိုကောင်းသည်ဟူသော ဆိုစကား။

မှတ်ချက် 

တပိုင်းတစမှန်တာက အလုံးစုံမှားတာထက် တော်ပါသေးသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ