'စီး' ကတော့ ခေတ်ရေယာဉ်၊ လေယာဉ် စတာကို စီးနင်းလိုက်ပါခြင်း။
'မျှော်' ကတော့ အနာဂတ် သို့မဟုတ် မရောက်သေးတဲ့နေရာ မျှော်လင့်ခြင်း။
သီချင်းသားအလိုက 'စီးမျော' တာ ဖြစ်နေတယ်။
မျော
ဒရောမျောပါးလုပ်သည်
မျှော၍ မျောပြီ
မျောကျောက် (မိုးကုတ်ကျောက်တွင်း)
မျောခွက်
မျောတိုင်
မျောဝါး
ရက်တွေ မျောနေပြီ
ရွှေရင်ကလျှော၊ နွဲ့နွဲ့ချော၊ နစ်မျောကိုလည်း ပင့်ရမည်။
ညိုပြာပြာ လတာပြင်ခြေရင်း၊ လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ၊ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ၊ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး၊ အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ (ဇော်ဂျီ)
မြော နှင့် မျော
မေ့မြောသည်၊ သတိလစ်မြောသည်၊ အသက်မျှင်မျှင်မျှသာ ရှိတော့သည် (မျှင်မြော) စသည့် အခြေအနေမျိုးတွင် သုံးသည်။
ရေတွင် မျောပါသည်၊ မျောလွင့်သည်၊ ဟင်းရည်ထဲတွင် မျောနေသည် စသည့် ရေစီးနှင့်အတူ ပါသွားခြင်း သို့မဟုတ် ရေပေါ်တွင် ဝဲပျံကူးခတ်နေခြင်း အဓိပ္ပာယ်တွင် သုံးသည်။
မျှော် – ကြိ / မျှော် / ၁၊ (အဝေးရပ်သို့) မျက်နှာမူရှုမျှော်၍ ကြည့်သည်။ ၂၊ မရောက်လာသေးသည်ကို သို့မဟုတ် ရောက်လာမည်ကို တမ်းတရည်မှန်းစောင့်လင့်သည်။ မျှော်ကိုး – ကြိ / မျှော်ကိုး / ၁၊ ဖြစ်လာရောက်လာမည့် အလားအလာကို ရှုလင့်သည်။ ၂၊ ရှေ့ရှုရည်မှန်းသည်။ အလားအလာကို တွက်ချက်မှန်းထားသည်။ မျှော်ခေါ် – ကြိ / မျှော်ခေါ် / အလားအလာ တစုံတရာကို တွေးဆဆင်ခြင်သည်။ ကြိုတင်မှန်းထားသည်။ မျှော်စင် – န / မျှော်ဇင် / အဝေးသို့ လှမ်း၍ ရှုကြည့်ရန် ပြုလုပ်သော စင်မြင့် အဆောက်အအုံ။ မျှော်မှန်း – ကြိ / မျှော်မှန်း / မဖြစ်လာသေးသောအရာ၊ ဖြစ်စေလိုသောအရာ စသည့်အလားအလာကို ရည်မှတ်သည်။ မျှော်လင့် – ကြိ / မျှော်လင့် / အနာဂတ်ဖြစ်ပျက်မှု တစုံတရာကို အားတက်ယုံကြည်စွာ စောင့်စားသည်။ မျှော်လင့်ချက် – န / မျှော်လင့်ဂျက် / ဆိုက်ရောက်လာစေလို၍ စောင့်စားနေသော အားတက်နှစ်သိမ့်ဖွယ် အလားအလာ။
တခုခုကိုမျှော်
တမျှော်တခေါ်
ဖူးမျှော်ကန်တော့
ရှုမျှော်
ရှုမျှော်ခင်း
အစာကိုမျှော်
မျှော် = မျက်စိဖြင့်ကြည့်ရှုသည်
မျှော်ကိုး
မျှော်ငံ့
မျှော်စင်
မျှော်ကြည့်
မျှော်မှန်း
မျှော်ရှု
မျှော်လင့်
မျှော်တော်ယောင်
မြော်
ဖူးမြော်
မျက်မြော်
မြင်မြော်
အမြော်အမြင်
မြော်ကဝမ်းသာ (မြင်ကဝမ်းသာ)
မြော်ချင့်
မြော်ဆ
မြော်မြင် = ပညာမျက်စိဖြင့် အရှည်ကြည့်သည်
မြော်လည်းမရဲ = ကြည့်မြင်၍ မရောင့်ရဲနိုင်
မြော်သည် = မြင်သည်၊ ကြည့်သည်၊ တွေးခေါ်သည်
မြော်တွေးသည် = မြော်ထောက်သည်၊ မြော်လင့်သည်
မြှော်
စိတ်ကမြှော်သည်
ဉာဏ်မြှော်မြင်
အဝေးသို့မြှော်
မြှော်ခေါ်
မြှော်တွေး
မြှော်ထောက်
မြှော်လင့်တောင့်တ
မမြှော်ဘဲနှင့် စော်ကဲမင်းဖြစ်
မူကွဲများ
မြှော်တလင့်လင့် ရွှေဥဒေါင်း မူရင်းစာအုပ်။
မျှော်တလင့်လင့် ရွှေဥဒေါင်း ပြန်ထုတ်စာအုပ်။
မျှော်တလင်လင့် ရုပ်ရှင်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment