လူတိုင်းသည် ဘဝကို ကိုယ့်ရှုဒေါင့်ကနေသာ ကြည့်မြင်တတ်ကြသည်။
မိမိမြင်သိသည့်အချက်ဖြင့် ငြင်းခုန်ခြင်းမပြုဘဲ ကျယ်ပြန့်တဲ့အမြင်ကို သိနိုင်အောင်သာ ကြိုးစားပါ။
ဒေါင့်ပေါင်းစုံက အမြင်တခုစီကို ပေါင်းစပ်နိုင်မှသာ ရှင်းလင်းစွာသိမြင်ပါမည်။
သို့မှသာ သင်သည် အမှန်အစစ်ကို အဆုံးထိတိုင် တွေ့သိလာပါလိမ့်မည်။
မှတ်ချက်
မျက်မမြင်ပုဏ္ဏားခြောက်ယောက်နဲ့ ဆင်ကြီးပုံပြင်ကို တိုင်းပြည်အမျိုးမျိုးမှာ ကိုယ်စီဇာတ်လမ်းတွေနဲ့ ညွှန်းဆိုကြပါတယ်။ ဥပမာ ယူအက်စ်အေမှာ ဆင်ကြီးအစား တောကောင်ကြီးတဲ့။
အနှစ်သာရ ဆင်တူပါတယ်။
အွန်လိုင်းကနေ မမြင်ရ၊ မစမ်းရဘဲ ကျန်းမာရေးမေးတာတွေကို ဖြေရတဲ့ ကျွန်တော့အတော့ သတ္တမပုဏ္ဏား ဖြစ်ရတယ်။ မေးတဲ့သူတွေက အသက် မပြော၊ ကျား-မ မပြောသူက များတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment