Skip to main content

မှန်တာ နဲ့ ကောင်းတာ ဘယ်လိုကွာသလဲ

သစ်ပင်တိုင်းသည်စိမ်း၏ လို့ပြောတာ အမြဲမမှန်ပါ

တင်ထားတဲ့စာ = အမှန်ဆိုတာဘာလဲ

ကွန်မင့်တခု = အမှန်ဆိုတာ အကောင်း

ပြန်စာ

အလွန်နားထောင်လို့ကောင်းတဲ့ ခင်မောင်တိုးရဲ့ ပန်းချစ်သူသီချင်းကို ပျက်စေတဲ့ သီချင်းနောက်ခံစာသားများ။

(ပန်းလေးတစ်ပွင့်ရယ်) တဲ့။ (လက်နံ့ကွယ်) တဲ့။ (ယုယစွာထွေးဖွေ့) တဲ့။ နောက်လင့်တခု တွေ့ပြန်တယ်။ ပန်းချစ်သူဒို့လက်နဲ့ကွယ် (ခူးစွတ်ဖို့စိုးရွံ့လို့နေတယ်) တဲ့။

တပြည်သူမရွှေထားကို နည်းအမျိုးမျိုးနဲ့ မှားရေး မှားဆိုနေကြသည်။ မြန်မာစာအာဏာပိုင်များ၏ ကျေးဇူးတည်း။

ကျောက်ချက်

သီချင်းကောင်းတွေကို စာသားမှားရေးထားရင် အကောင်း လို့မခေါ်နိုင်ပါ။

သက်သေခံတွေ အများကြီးတင်ပြထားတယ်။

တရားတွေကိုလည်း မြန်မာစာနဲ့ ပါဠိ မှားနေရင် အကောင်း လို့မခေါ်နိုင်ပါ။

သက်သေခံတွေ အများကြီးတင်ပြထားတယ်။

တရားရသွားပြီဖြစ်တဲ့ မြန်မာစာ

1. ကန်ပတ်လည်ဆရာတော်၏တစ်ရားတော်

2. တစ်ရား https://www.tiktok.com/tag/%E1%80%90%E1%80%85%E1%80%BA%E1%80%9B%E1%80%AC%E1%80%B8

3. တစ်ရား https://www.youtube.com/playlist?list=PLaq_xz8KDiv0WaSHYrrPUzuzB29KFB2ok

4. တစ်ရားချစ်ခင်သူတော်စင်. 6 views 

5. တစ်ရားချစ်သူသူတော်စင်"မူရင်း

6. တစ်ရားတော် |TikTok တွင်  တစ်ရားတော် အကြောင်း နောက်ဆုံးထွက် ဗီဒီယိုများ ကြည့်ပါ။

7. တစ်ရားတော် စာမျက်နှာ ၆ = တပါးသောနည်းတို့ကို အားထုတ်၍ 

8. တစ်ရားတော် ပါဠိ သီချင်း

9. တစ်ရားတော်ဖိုင်

10. တစ်ရားတော်များ

11. တစ်ရားပွဲမှာဖျော်ဖြေရန်အတွက်ကျေးဇူး

12. တစ်ရားများ။ တစ်ရား မှတ်သားစရာများပါနော်  

13. တစ်ရားသုံးမျိုး | By Gospel Songs & Sermons

14. တစ်ရားအဆွဲးခံရမယ်နော် အကျန်ပေးချင်းဖြစ်ပါတယ်.

15. တရာတော်များ သေချိန်တန်က သေကြရ - ကြာနီကန်ဆရာတော် ဦးဇဋိလ

16. တဝမ်းပူကို မလိုအပ်ဘဲ စသတ်ခိုင်းသူတွေနဲ့ ရေးနေကြသူတွေ တရားရကြပါစေသတည်း။

17. တော်တော် တစ်ရားကြတယ်နော် အရက်သမားသစ္စာ ...

18. ဒါလောကဓံတစ်ရားရဲ့ပုံမှန်ပြကွက်တွေပါဗျာ

19. ဒီတစ်ရားနာပြီးမှ သေကြပါ တရားတော် ... https://www.facebook.com/watch/?v=1498501313826620

20. ဘုရား တစ်ရား. 38 views 

21. မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ တစ်ရားတော်. 8 views 

22. မနက္ခင္းတစ္ရား https://www.youtube.com/playlist?list=PLCFCP2dl9tLNIKU9FF_9ph_UzU_Jvx68l

23. မြတ်ဗုဒ္ဓ၏တစ်ရားတော်များ

24. မူရင်းအသံ - တစ်ရား ဓမ္မ ဒါန «ဓမ္မဒါန♢မဇာလေး♢«မင်းလှသူ» အရှင်မေတ္တာနန္ဒ။

25. မူရင်းအသံ - တစ်ရားဓမ္မဒါန/မင်းလှသူ

26. မေတ္တာရေချမ်းသွန်းခါဖျန်းငြိမ်းချမ်းကျပါစေ။"။မူရင်းအသံ - တစ်ရား ...

27. မေတ္တာသုတ်။အကျိုးကျေးဇူး တစ်ရားဒေသနာတော်

28. မြတ်ဗုဒ္ဓ၏တစ်ရားတော်များ

29. မြတ်ဗုဒ္ဓ၏တစ်ရားတော်များ https://www.facebook.com/profile.php?id=100079249788905#

30. ရွှေမြိုင်ဆရာတော်။တစ်ရားများ။ တစ်ရား  မှတ်သားစရာများပါနော် 

31. ရွှေမြိုင်ဆရာတော်။တစ်ရားများ။ တစ်ရား ...

32. သစ္စာတစ်ရားကိုကိုးကွယ်တဲ့သူ Hong fa

33. သစ္စာပြုပါတယ်အရှင်ဘုရား ရည်မှန်းခ တစ်ရားလေးတစ်ဘုတ်လောက်ချီးမြင့်ပေး ...

34. သားသမီးတွေအပေါ်မှာမေတ္တာတစ်ရားကြီးမားတဲ့အမေ

35. သူ့မှာလဲ ရှေ့ဆက်မဖြစ်တော့တဲ့ အကြောင်းတစ်ရားတွေရှိလို့နေမှာပေါ့ ဘာဘဲဖြစ်ဖြစ်တရားပါတယ်‎ ‎

36. သေခြင်းတစ်ရား ဆို/လေးဖြူ

37. သေခြင်းတစ်ရားကို ရှောင်လို့မရပါဘူး.

38. အကြောက်တစ်ရားမရှိတဲ့ယောကျာ်း -အပိုင်း ၂ ဒါရိုက်တာ-ညီညီထွန်းလွင် သရုပ်ဆောင်-နေမျိုးအောင်၊ကျော်ဇောဟိန်း၊ဆုပန်ထွာ ထုတ်လုပ်ရေး-ကြောင်ကမ္ဘာ

39. အမရယ်တစ်ရားနဲ့ဖြေပါ. 4ရက် အကြာကစာပြန်ပါ. 

40. အမှန်တစ်ရားတွေမပြောနဲ. 10နာရီ အကြာကစာပြန်ပါ

41. အရဟံ  အဟံ  သိရသာ  နမာမိ့  တစ်ရားဓမ္မဒါန

42. အသုဘ တရားနှင့် သံသရာခရီးအတွက် တစ်ရာတစ်ပုဒ်ပါ. တစ်ခြားတစ်ရားနဲ့ မတူဘူးနော် သေခါနီး လူတွေ့ အတွက်.

43. ဦးမေတ္တာနန္ဒ, အမှားကိုယ်ပြင် တစ်ရားများ။ တစ်ရား  မှတ်သားစရာ

ပန်းချစ်သူ နှင့် ပန်းမုန်းသူများ ရေးသားကြသည် သီချင်းနောက်ခံစာသားများ https://burmese-spelling.blogspot.com/2022/09/blog-post_455.html

မျက်နှာများတဲ့ တပြည်သူမရွှေထား https://burmese-spelling.blogspot.com/2026/01/blog-post_56.html

တပြည် တစ်ပြည် တပြေ သပြေ https://burmese-spelling.blogspot.com/2024/10/blog-post_318.html

တပြည်သူ တက္ကသိုလ်ဘုန်းနိုင် သပြေသူ တစ်ကသိုလ်ဘုန်းနိုင် https://burmese-spelling.blogspot.com/2023/05/blog-post_452.html

ကောက်ချက်

မှတ်ချက်ပေးတာကို အလွယ်တကူ၊ အထင်ကလေးတလုံးနဲ့ မလုပ်ရပါ။

မှန်မှသာ ကောင်းသည်

မှန်တာပြော

မှန်အောင်ရေး

မှန်တဲ့အလုပ် ကောင်း၏

ဆိုတဲ့ ကောက်ချက်ကသာ သင့်တော်မယ်ထင်ပါတယ်။

"သစ်ပင်တိုင်းသည် အမိမ်းရောင်ရှိ၏"

တချို့က အစိမ်းရင့်၊ တချို့က အစိမ်းနု၊ တချို့က စိမ်းပြာပြာ စသည်။

အချိန်တိုင်းအတွက် မမှန်ပါ။

အခုချိန် ကမ္ဘာ့မြောက်ခြမ်းနိုင်ငံတွေမှာ သစ်ရွက်တွေ အရောင်ပြောင်းနေကြပြီ။ အဝါ၊ လိမ္မော်၊ အနီ၊ နီညို၊ အညို၊ ခရမ်း စသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ