မိုးတွင်ပုန်းညက်၊ ပုလဲစက်တို့၊
မိုးစက်ဖြိုင်ဖြိုင်၊ ဖူးမြိုင်မြိုင်နှင့်၊
မွှေးကြိုင် ပျံ့ပျံ့ ပွင့်လေသည်။
ဆောင်းတွင်သဇင်၊ ရွှေရေးဆင်လည်း၊
ကြည်စင်မွှေးပျ၊ ဝင်းပပဖြင့်၊
တလှစုံခြယ် ပွင့်လေသည်။
နွေတွင်ကံ့ကော်၊ ဖူးတံမော်သည်၊
ရွှေလှော်ဝက်မှန်၊ ပုလဲငုံမှ၊
မွှေးထုံ ပျံ့ပျံ့ ပွင့်လေသည်။
သုံးရာသီဝယ်၊ ခါမှီမလင့်၊
ပန်းတိုပွင့်၍၊ ပန်းသင့်ပန်းရာ၊
ဆွတ်ချူပါခဲ့၊
ဝတ်လွှာပုလဲ၊ ရွှေမှုန်ကြဲသည်၊
ပွင့်ဆဲတခက်၊ ခိုင်ပုန်းညှက်ကို၊
ပန်လျက်ဆင်ပြင်၊
ကြေးမုံပြင်ဝယ်၊ ကြည်ရွှင်ပြုံးလျက်၊
မပြုံးလျက်တည့်။
(နယဉ်)
မြန်မာစာ သတ်ပုံမှန်ခေတ်က မဂ္ဂဇင်းပါ ကဗျာ။
အခုတော့
သဇင်သည်လည်းကောင်း၊ ကံ့ကော်သည်လည်းကောင်း၊ ပုန်းညက်သည်လည်းကောင်း မြန်မာစာထဲမှာ မမွှေးတော့ပါ။
ဝတ်လွှာ သဲ ခဲ ဖွဲမှုန် ကြဲတော့သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment