ဟင်းချည်းစားလို့ ရေးရသည်။
ပုံအတွက် ကျေးဇူး။
ချည့် = ခွန်အားချို့ငဲ့နည်းပါးသော။ မကြံ့ခိုင်သော။ ချည့်နဲ့သော။
ဒူလာပါဒရက်စွဲနေသောကြောင့်ချည့်နေသည်။
ချည့်နဲ့ = အားပျော့နွဲ့လျသော။
ချေစွယ်နွဲ့နွဲ့၊ ကျားပေါင်ဖဲ့၊ ချည့်နဲ့သေရမည်။ ကဝိသတ်*၁၁၉။
ချည့်ချည့်ပါးပါး
ချည့်နဲ့
ချည်း = တဦးတည်း၊ တမျိုးတည်း အရောအနှောမရှိ၊ အထူးအခြားမဟုတ် သောအဖြစ်ကိုပြသည့်စကားလုံး။
ရေသာနွယ်ချို၊ အလိုစားပြီး၊ ဆန်ချည်းသီးသား။ ဘူပေါင်း*၆၄။ လက်ချည်းလာသည်။ အထက်သို့ချည်းတက်သည်။
၂။ ငါးထောင်ဘိုးလောက် ချည်း(ချေးငှား) ပေးကြပါအုန်းနော်
၃။ အသတ်ချည့်(ချည်း) ခံနေရပါလား၊
၄။ တချို့ဆိုင် တော်တော်ဆိုးဆိုး မသိရင် ငါးခူတေ(တွေ) ကြည့်(ချည်း) မတရားထဲ့(ထည့်)ထားသလို
၅။ ကလေးတွေချည်းဘဲ ဘယ်ဟာကအမှန်လဲဆရာရှင့်။ ချည်းဘဲ မှန်။
၆။ မင်ဂလာပါကြိုက်တဲ့ဟင်းတွေကြီး(ချည်း) တွေ့ရတော့စားခြင်(စားချင်)စိတ်တွေဖြစ်မှိ(ဖြစ်မိ)ပါတယ်
၇။ စာသားတွေက အနှစ်တွေကြည့်ပဲ(အနှစ်တွေချည်းပဲ)
၈။ ခင်ဦး ရေဦး ဘက်က အပြောလေးတွေက တမျိုးဆန်းပါတယ်ခင်ဗျ။ အပြင်လူနဲ့တွေ့မှ အပြင်စကားပြောကြတယ်။ သူတို့ကြည့်ပဲ(သူတို့ချည်းပဲ)ဆို အေးပါ့။ ဟုတ်တာပါ့။ ဒါပါ့နဲ့ ကြားရတာ အားရပါးရရှိလှပါတယ် ခင်ဗျာ။
ချည်း = လက်ချည်းသက်သက်။ သူ့ချည်းသာ။ ကောင်းတာချည်းဖြစ်သည်။ ဤသို့ချည်းသာဖြစ်သည်။ အချည်းအနှီး။
အချည်းနှီးဖြစ်သည်
အဝတ်အချည်းစည်း
ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်
မယ်ထွေးလိုလို့ ဝဲပါတယ်။
မယ်ထွေးမပါ တို့ချည်းသာ
ပါပါရက်သား နောက်ကထား။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)
ချည့်
၁။ ကိုယ်လက်အင်္ဂါ မသန်စွမ်း ခွန်အားချို့ငဲ့နည်းပါးသော။
၂။ ဆင်းရဲပင်ပန်းသော။
၃။ အားပျော့နွဲ့လျသော။
ဒူလာပါဒရက် စွဲနေသောကြောင့် ချည့်နေသည်။
သာသနာတွင်၊ ပျင်းစွာသသူ၊ မဂ်ဖိုလ်ချူလည်း၊ ပူပူပင်ပင်၊ လိုအင်မပြည့်၊ နှလုံးချည့်လိမ့်။
ချေစွယ်နွဲ့နွဲ့၊ ကျားပေါင်ပဲ့၊ ချည့်နဲ့ သေရမည်။ (ကဝိလက္ခဏာ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment