တင်ထားတဲ့စာ = ချစ်သက်သေ ပုံပြင်တပိုင်း (တွံတေးသိန်းတန်)
ကွန်မင့်တခု = ဒီလိုမြန်မာသံစစ်စစ်ကရှားသွားပါဘီ
မှတ်ချက်
ပါပြီလို့ရေးရ။
ဘီ ဆိုတာ ဘီသွေး သို့မဟုတ် ဘီပိုး။
မယ်ဒလင်လေးလည်းလွှမ်းလှပြီ ( တွံတေးသိန်းတန် )
https://www.youtube.com/watch?v=-qNW4kL1H4w&list=PLCGzmO2rk3bBFRQjaT1yPWl0JT8gKuqdE&index=33
တွံတေးသိန်းတန် သီချင်းမှာ ပြီ ကို ပြီလို့ ဆိုပါတယ်။ ဘီ မဟုတ်ပါ။
ပြီ ကို ဘီ
ပြီ ကို ပီ
ပါပြီ ကို ပါပီ
လို့ မှားရေးနေသူတွေများတယ်။
မြန်မာစာ အသံမကောင်းတော့ပါ။
သီချင်းလည်း မဆိုတတ်တော့ရှာ။
အဲလိုရေးရတာကို မဟုတ်မှတ်မနေကြနဲ့။
အားတော့နာတယ်။ ဆရာဝန်ကတော့ မပြောလည်း မဖြစ်။
အဲလိုရေးတာ စိတ်အခြေအနေတခု ဖြစ်ပါတယ်။ ကန်တော့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment