၁။ ဖိုးသက်ရှေ(ယုဝတီမာလာသိန်း)
ရှေ လို့ မရှိပါ။
ဒါပေမဲ့
မူရင်းစာကိုတော့ ထင်သလို မပြင်ရပါ။ အရင်ကစာအုပ်တွေမှာလည်း စံကိုက်သတ်ပုံမဟုတ်တာတွေ ပါခဲ့ပါတယ်။
စာဆိုတာ မူရင်းလည်း သိရမယ်။ မူကွဲလည်း သမိရမယ်။ မူပြင် မူမှားလည်း သိရမယ်။
၂။ ဆရာ အသက်ရှေပါစေ လို့ လာတယ်။
အသက်ရှည်လို့ ရေးရတယ်။
ရှည်
စကားကြောရှည်သူ
မျက်နှာရှည်မင်း
ရှည်ကျူး
ရှည်ကြာ
ရှည်လံ
ရှည်လျား
ရှည်မျော
ရှည်ဝေး
သက်တော်ရှည်
အရပ်ရှည်သူ
အရှည်အတို
အသက်ရှည်ပါစေ
အကြောရှည်စည်
လောင်းရှည်မြို့စား
ဒေါက်တာတင့်ဆွေ

Comments
Post a Comment