(ကန်တော့)
၁။
ဆိုးရင်စိတ်ကြီးလွန်းရင် ဘာဖြစ်တက်လဲ ဆရာ တဲ့။ ကွန်မင့် မေးခွန်း။
တက်ဆိုတာ
အတန်းတက်တာ၊ သစ်ပင်တက်တာ၊ အတက်ရောဂါ။
၂။
ဘလော့ကိုဝင်မကြည့်တက်လို့ပါဆရာ (မကြည့်တတ်)
၃။ သွေးကတော့
တညနေဘဲဆင်းပြီး မဆင်းတော့ပါဘူးဆရာ။ ဘာဖြစ်တက်(တက်)လဲဆိုတာ သိချင်ပါတယ်ဆရာ။
၄။
ဆရာသေခြာစွာဖတ်ပါတယ် မသုံးတက်လို့ပါခင်ဗျာ (မသုံးတက်ဆိုတာ မှားတယ်။ မသုံးတတ်)
၅။ ဆရာ
အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)
၆။ ဆရာ
အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊
ကက်လား၊ ခဏခဏမှားလို့။ (အတတ်နိုင်ဆုံး၊ မတတ်တာက အမှန်။)
၇။
ပညာတက်လား၊ ပညာတတ်လား၊ ပြောပြပါရှင့်။ (ပညာတတ်က အမှန်။)
၈။ ဆရာ
မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။ (မတ်တတ်ရပ်က အမှန်။)
၉။ TV ကနေကြည့်တာ အဖြေလေးခုပေးပြီး တခုရွေးရတာဆရာ။
ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့
တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။
ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။ (မတ်တတ်ရပ်က အမှန်။)
၁၀။
ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။
(ဝေဒနာဖြစ်သွားတတ်သည် လို့ ရေးရတယ်။)
၁၁။ သမီး
မကြည့်တက်လို့ပါဆရာ ညွန်ပြပါနော်။ ဘလော့ကို ဝင်မကြည့်တက်လို့ပါဆရာ။
ဝင်ကြည့်တက်သွားပါပြီ။ (မကြည့်တတ်၊ ကူးစက်စေတတ်သော၊ ဝင်ကြည့်တတ်လို့ ရေးရတယ်။)
တတ်
တတ်ကျွမ်းအောင်
လေ့လာသင်ယူပါ
တတ်စွမ်းသလောက်တော့
လုပ်ပါ
တတ်တိုင်း
မကြွားသင့်
တတ်တိုင်းပညာပြနေသည်
တတ်ပွန်
တတ်သိလိမ္မာ
တတ်ယောင်ကားမလုပ်ပါနှင့်
တတ်မြောက်ပြီ
တတ်နိုင်သလောက်လှူပါ
တတ်နိုင်သော
ပညာတတ်
ပုတတ်ကောင်
ဖွတ်ပတတ်
ကြည့်တတ်
မကြည့်တတ်
မတတ်နိုင်
မတ်တတ်ရပ်
မပြီးတတ်သေး
ဖြစ်ကတတ်ဆန်း
ဖြစ်တတ်
ပျက်တတ်
လုပ်တတ်
ကိုက်တတ်
လုပ်တတ်
မလုပ်တတ်
သမားဟူးရားအတတ်
အတတ်ပညာ
ရှာမှီးပါ
အတတ်ပညာ
ရှာမှီးပါ။
အနောတတ်ရေအိုင်
အဲတာလိုအမှားမျိုးက
ဖြစ်တတ်တယ်
ကောင်းအောင်
လုပ်တတ်သလား
ဆေးပညာအတတ်
ပြောတတ်ဆိုတတ်
သေလုမတတ်
တက်
တက္ကတွန်း
တက္ကသိုလ်
တက်ကစီနဲ့သွားမယ်
တက်ကျမ်း
လေ့လာသူ
တက်ခပ်သည်
တက်ညီလက်ညီ
တက်တက်စင်လွဲနေတယ်
တက်တူးထိုးသည်
တက်မ
တက်သည်
ဆင်းသည်
တက်သုတ်ရိုက်မလုပ်ပါနှင့်
တက်ခေတ်နတ်ဆိုး
ဖတ်ဖူးလား
တက်ခေါက်သည်
တနှစ်တတန်း
တက်တဲ့ကျောင်းသား
မတုန်တက်သေး
လူ့သက်တမ်း
အစိုးရသစ်
တက်လာပြီ
အတက်
(ဝက်ရူးပြန်) ရောဂါ
ကျော်တက်သည်
ဒေါသဖြင့်
တက်ခေါက်သည်
နောက်ထုတ်စာအုပ်တွေမှာ
သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်
လှေတက်
တစုံယူခဲ့ပါ
တတ် နဲ့ တက်
မှားရေးမေးသူတွေ အများကြီး။ မြန်မာစာ အတန်းမတက်ကြသေး။ ခုခေတ် တက္ကသိုလ်တွေကလည်း
တစ်ကသိုလ်တွေဖြစ်နေကြတယ်။
(စာရေးတင်ပြထားတာ ၇ နှစ်တိတိရှိပြီ။
တက် နဲ့ အမှားတွေကတော့ နည်းမသွားပါ၊ ကျွန်တော့မှာ အာဏာမရှိလို့ ဖြစ်နိုင်သည်။)
Rock
Climbing ပုံထဲကလို
တက်တတ်သလား။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment