ဉာဏ်လို့ ရေးရပါသည်ဘုရား။
ဉာဏ် ဆိုသည်မှာ
ဝေဖန်ပိုင်းခြားသိမြင်တတ်သော သဘောတရားနှင့် အသိဉာဏ်ပညာကို ခေါ်ဆိုသည်။
သိမြင်တတ်သောတရား။
အသိတရား။ ပညာ။ ထိုရသေ့တို့သည်၊ ဒိဗ္ဗစက္ခုဉာဏ်ဖြင့်ရှု၍။ သမန်၊
ဒု။ ၂၆၁။
ဉာဏ်စဉ်
= ဗောဓိအလောင်းအလျာ ပုဂ္ဂိုလ်ကြီးတို့သည်
မိမိတို့ရည်သန် ပန်ဆင်အပ်သည့် ဗောဓိဉာဏ်အလိုက် ထိုက်သည်
အားလျော်စွာ ပါရမီဖြည့်ကျင့်တော်မူကြပြီးလျှင် နောက်ဆုံးပစ္ဆိမဘဝ၌ ဝိသုဒ္ဓိ ၇-ပါး
ယာဉ်ရထားဖြင့် အဆင့်ဆင့်တက်ကာအထွတ် အထိပ်ဖြစ်သည့် ဗောဓိဉာဏ်သို့ ရောက်တော်မူကြသည်။
ဉာဏ် =
ဉာဏ။
ဉာဏ်ပညာ
(၁) ဉာဏ်၊
ဝေဖန်-ပိုင်းခြား စဉ်းစား ဆင်ခြင်-သိမြင်-တတ်သော သဘောတရား၊
သိခြင်း၊ သိမှု၊ အသိ၊ အလိမ်မာ၊ ပညာ၊ ပညိန္ဒြေ စေတသိက်။ (တိ)
(၂)
ဝေဖန်-ပိုင်းခြား-စဉ်းစား ဆင်ခြင်-သိမြင်-တတ်သော၊ အသိ-အလိမ်မာ-ဉာဏ်-ပညာ-ရှိသော၊
သူ။
ဉာဉ်
= စိတ်ထားသဘောထား။ အလေ့ဝါသနာ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment