ရေတက်ရေကျ၊ မြစ်လမ်းမတွင်
ပုပ်ပူသယောင်း၊ လူသေလောင်းတို့
သောင်းပြောင်းရောနှော၊ ရေမှာမျှောခဲ့။
ရေတက်ရေကျ၊ မြစ်လမ်းမတွင်
စာနာထိုထို
တဲပြိုအိမ်ပျက်၊ တံခါးရွက်တို့
ယွင်းပျက်လှေကား၊ အမိုးများတို့
သစ်ဝါးမကောင်း၊ ပစ္စည်းဟောင်းတို့
သောင်းပြောင်းရောနှော၊ ရေမှာမျှောခဲ့။
ရေတက်ရေကျ၊ မြစ်လမ်းမတွင်
ကျိုးကျသစ်ကိုင်း၊ ပင်အိုတိုင်းမှ
ပိုင်းပိုင်းစိတ့်မွှာ၊ ပွင့်လွှာပွင့်ချပ်
ပွင့်ဖတ်နွမ်းဟောင်း၊ ရွက်ဝါညောင်းတို့
သောင်းပြောင်းရောနှော၊ ရေမှာမျောခဲ့။
မျှောလေတိုင်းသာ၊ မျောရာရာသို့
ကမ်းသာတခွင်၊ သဖန်းပင်သည်
မရွှင်မပျ၊ တရားကျ၍
အမျှလည်းဝေ၊ ဆုလည်းချော၏။
ကမ်းမှဆုချွေ၊ သဖန်းဆွေလည်း
ရေမှာတိုက်စား၊ ကမ်းပါးတဝက်
ရေတဝက်နှင့်၊ ငေါထွက်တစ်လစ်
သစ်မြစ်ရှက်ပြိုင်း၊ ညှို့မှိုင်းဆွေးမြေ့
သေနေ့စေ့၍၊ ရွှေ့လျောပင်ကိုယ်
ပင်လုံးပြိုသော်၊ သူကိုကြည်ဖြူ
သံဝေယူ၍၊ မည်သူ အမျှ ဝေမည်နည်း။
(တက္ကသိုလ်-မင်းမော်)
မှတ်ရန်
မြန်မာစာ သတ်ပုံမှန်ခေတ်က ဖြစ်ပါတယ်။
အခုတော့ -
သောင်းပြောင်းရောနှော၊ ရေမှာမျောခဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment