ဖြစ်နေသောပြဿနာ (သို့မဟုတ်) ရောဂါအခြေအနေနှင့် ဖြေရှင်းပေးမှု၊ ကုသမှု လွဲမှားနေခြင်းကို တင်စားခေါ်ဝေါ်သော မြန်မာစကားပုံနှင့် အသုံးအနှုန်းဖြစ်သည်။ ပြဿနာ၏ အရင်းအမြစ်ကို မဖြေရှင်းဘဲ လွဲမှားနေသော နည်းလမ်းများဖြင့် တုံ့ပြန်နေသည့် အခြေအနေမျိုးကို ညွှန်းဆိုသည်။
ဆန်ကျင်ဘက်သဘောအားဖြင့်
မှန်ကန်သင့်လျော်သော ဖြေရှင်းမှုကို အနာနှင့်ဆေး တည့်အောင်ပေး ဟု ခေါ်ဆိုကြသည်။
မြန်မာလူမှုဘဝနှင့်
နိုင်ငံရေး၊ လူမှုရေးတွင် လက်ရှိဖြစ်ပျက်နေသည့် အခက်အခဲများနှင့် တာဝန်ရှိသူများ၏
ဖြေရှင်းချက်၊ ထောက်ပံ့မှုများသည် လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိဘဲ ဖြစ်နေသည်ကို
ဖော်ပြရာတွင်လည်း ဤအသုံးအနှုန်းကို အသုံးပြုကြသည်။
ကုန်ဈေးနှုန်းတက်တာကို
လျှော့ချဖို့ ထုတ်ပြန်တဲ့ အမိန့်တွေက လက်တွေ့မြေပြင်အခြေအနေနဲ့ အနာတခြားဆေးတခြား ဖြစ်နေလို့
ဘာမှထူးမလာဘူး။
တမျိုးတည်း
– ကြိဝိ /တမျိုးထဲ/တမျိုးစီး
/တမျိုးအစားတည်း။ တပုံစံတည်း။
တချက်တည်း
– ကြိဝိ / တချက်ထဲ / တပြိုင်နက်။
အတူတကွ။ “နွားတို့ကိုမြင်၍ တပြိုင်နက် တချက်တည်း ကြွေးကြော်
ငိုကြွေးတမ်းတကြကုန်၏။” ဘူလတ်။ ၁၄။
တချက်လွှတ်
– ကြိဝိ / တချက်လွှတ် / ပြန်လည်
ရုပ်သိမ်းခြင်း၊ ပြင်ဆင် ပြောင်းလဲခြင်း မရှိပဲ။ “ရှင်ဘုရင် ဆိုတာမျိုးဟာ
တချက်လွှတ်အမိန့်တော်မှတ်ပြီးရင် ဘယ်လိုပဲ တောင်းပန်ပေ့ မရဘူးပေါ့။” မြန်ပုံ။ ၁၃။
တခြား – န /
တခြား / ၁။ သိမြင်ဖော်ပြပြီးသော သက်ရှိသက်မဲ့ တို့ မှတပါးဖြစ်သောအရာ။ ၂။
တမျိုးတပုံ၊ တသီးတသန့်ဖြစ်သောအရာ။ “အမေးလည်း တခြားအဖြေလည်းတခြား။” စတု၊ စ၊ ၅၃။
တခြားတပါး
– န / တခြားဒဗား / တခြား– န၊ ၁ နှင့်
အတူတူ။ “အတတ်ပညာဟူသည် ပြင်ပ တခြားတပါး၌ တည်လေသည် မဟုတ်။” သုမိန်။ ၁၉။
တခွဲသား
– န / တခွဲသွား / မာန၊ ဣန္ဒြေစသည်တို့
ကြီးမားပုံကို ပြသော စကားလုံး။ “ဣန္ဒြေကြီး တခွဲသားနဲ့ နေကြတော့။” ချစ်ရည်။ ၆။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment