တရုပ်နိုင်ငံ၏ သမိုင်းဝင် လူဦးရေဆိုင်ရာ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာနေ။
အိုမင်းသူများလူဦးရေတိုးလာပြီး
မွေးဖွားနှုန်း လျှော့ကျလာလို့ နှစ်ထပ်ကွမ်း အကျပ်အတည်းနှင့် ရင်ဆိုင်နေရပါသတဲ့။
လတ်တလော
အချက်အလက်များအရ တရုပ်နိုင်ငံ၏ သက်ကြီးရွယ်အို မှီခိုသူအချိုး (old-age
dependency ratio) သည် ၂၀၂၅
ခုနှစ်တွင် ၂၃.၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ကလေးသူငယ် မှီခိုသူအချိုး ၂၂
ရာခိုင်နှုန်းကို ပထမဆုံးအကြိမ် ကျော်လွန်သွားခဲ့သည်။ ၎င်း၏ အဓိပ္ပာယ်မှာ
လုပ်ငန်းခွင်ဝင်နိုင်သည့် အသက်အရွယ်ရှိသူ တိုင်း ၁၀၀ လျှင် သက်ကြီးရွယ်အို ၂၃.၁
ဦးနှင့် ကလေးသူငယ် ၂၂ ဦး ရှိနေခြင်း ဖြစ်သည်။
မှီခိုသူအချိုး
သို့မဟုတ် မှီခိုမှု မြှောက်ကိန်း ဆိုသည်မှာ လုပ်ငန်းခွင်ဝင်နိုင်သည့်
အသက်အရွယ်ရှိသူ လူဦးရေ (အသက် ၁၅ နှစ်မှ ၆၄ နှစ်) နှင့် ယှဉ်လျှင် လုပ်ငန်းခွင်
မဝင်နိုင်သော အသက်အရွယ်ရှိ လူဦးရေ၏ အချိုးကို ရည်ညွှန်းသည်။ တရုတ်နိုင်ငံ၏
စုစုပေါင်း မှီခိုသူအချိုးသည် ယခုအခါ ၄၅.၁ ရာခိုင်နှုန်းတွင် တည်ရှိနေသည်။
တရုတ်နိုင်ငံအတွက်
သမိုင်းဝင် အဆင့်သစ်တခုဖြစ်ပြီး မှီခိုသူ လူဦးရေတွင် ကလေးသူငယ်များထက်
သက်ကြီးရွယ်အိုများ ပိုမိုများပြားသော ခေတ်ကာလသို့ တရားဝင် ဝင်ရောက်သွားခြင်း
ဖြစ်သည်။
အချို့သော
မူလတန်းကြိုကျောင်း (မူကြို) များကို သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ
များအဖြစ် ပြောင်းလဲလိုက်ကြရပါသတဲ့။
၂၀၂၅
ခုနှစ် အမျိုးသား ပညာရေးဖွံ့ဖြိုးတိုးတက်မှု စာရင်းအင်း အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်
တနှစ်တည်း၌ပင် တနိုင်ငံလုံးအတိုင်းအတာဖြင့် မူလတန်းကြိုကျောင်း ပေါင်း ၂၀,၀၀၀ ကျော် နည်းပါးသွားခဲ့ပြီး
မူကြိုကျောင်းအပ်နှံမှုမှာ ကလေးသူငယ် ၃.၅ သန်းကျော်အထိ ထက်ဝက်မက
ထိုးဆင်းသွားခဲ့သည်။
မူလတန်းကြိုကျောင်း
အရေအတွက် အများအပြားကိုလည်း သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများအဖြစ်
ပြောင်းလဲလျက်ရှိသည်။
မှတ်ချက်
မြန်မာပြည်မှာတော့
ဘယ်အရာမဆို ကိန်းဂဏန်း ရှားတယ်။ ရှိပြန်ရင်လည်း မယုံရတာများပြန်သေးတယ်။
စာရင်းထုတ်ပြန်နိုင်မှုမရှိခြင်းဟာ
ဆိုးတာတွေလို့ ယုံကြည်ရတယ်။
ဘယ်လောက်ဆိုးနေပြီလဲ။
မှန်းပြော၊ ရမ်းပြောတွေသာ တွေ့ရလိမ့်မယ်။
တိကျစိတ်ချရသည့်
စာရင်းဇယားနှင့် ကိန်းဂဏန်း အချက်အလက်များ မရှိခြင်း သို့မဟုတ် ထုတ်ပြန်နိုင်မှု
မရှိခြင်းသည်လည်း တိုင်းပြည်၏ မူဝါဒ ရေးဆွဲမှုနှင့် အနာဂတ် ပြင်ဆင်မှုများအတွက်
ကြီးမားသည့် စိန်ခေါ်မှုတရပ်ဖြစ် ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment