သူ့ကို ဒေလီမှာမွေးတယ်။
မိသားတစုလုံး နယူးဒေလီမှာနေစဉ်က မောင်ပင်နီဆွေက ယန္တယားစက်ကြီးတွေကို သဘောကျလို့ လိုက်လိုက်ပို့ခဲ့ရတယ်။
(၂)
ကျွန်တော့် အညံ့ဆုံးဘာသာရပ်က တေးဂီတ။ ဒါပေမယ့် မြေးနံပါတ် (၂)၊ ၆ တန်းကျောင်းသား မောင်ပင်နီ သူတို့ကျောင်းက အော်ခက်စထွာတီးဝိုင်းမှာ တယောထိုးနေတယ်။
မောင်ပင်နီက နွေကျောင်းပိတ်ကတည်းက နောက်တတန်းမှာ တူရိယာတခုခုရွေးရမယ်လို့ပြောထားတယ်။ မင်း ဘာရွေးမလည်းမေးတယ်။ စဉ်းစားတယ်။ အတော်ကြာတယ် ပီယာနို၊ ဂီတာ၊ စိတ်မဝင်စားဘူးတဲ့။ နောက်ဆုံးမှာ သူ့ဖါသူ တယောကိုရွေးတယ်။
(၃)
၂၀၁၅ ခုနှစ် သူ့မွေးနေ့ရောက်တော့ ရှစ်တန်းကျောင်းသားဖြစ်နေပြီ။
(၃)
၂၀၂၆ ခုနှစ် ဒီနေ့မှာတော့ လူလားမြောက်နေပြီ။
အိမ်မှာတော့ သူ့ကိုအမေတယောက်လို ငယ်ငယ်လေးကတည်းက စောင့်ရှောက်တဲ့ ကျွန်တော်တို့သမီးက ဘုရားစင်မှာ လှူစရာတွေကို တန်းဆာဆင် တင်ထားတယ်။
သူ့အဖွားကတော့ မုန့်ဘို လွှဲပေးသတဲ့။
မောင်ပင်နီက Love you! တဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment