ငပိ နဲ့ ငါးပိ မူကွဲဖြစ်ပါတယ်။
ငံပြာရည်။
(၁)
မြန်မာ့စွယ်စုံကျမ်း အတွဲ (၃) မှာ ငပိ။
(၂)
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈) မှာ ငါးပိ။
ငါးပိ - န / ငပိ / ၁။ ငါးကို ဆားသိပ် ကုပ်ဖိ၍ အကြာအရည်ခံအောင် ပြုလုပ်ထားသည့် စားဖွယ်။ ၂။ ငါး၊ ပုဇွန်၊ ကဏန်းတို့ကို ဆားပက်နှေလှန်းကာ ဆုံ၌ထောင်း၍ အကြာအရည်ခံအောင် ပြုလုပ်ထားသည့် စားဖွယ်။
ငါးပိကောင် - န / ငပိဂေါင် / ငါးပိ - န၊ ၁ နှင့် အတူတူ။
ငါးပိကြော် - န / ငပိဂျော် / ငရုတ်၊ ကြက်သွန် စသည်တို့ဖြင့် ရောကြော်ထားသော ငါးပိ။
ငါးပိချက် - န / ငပိဂျက် / ငရုတ်၊ ကြက်သွန် စသည်တို့ဖြင့် ရေစပ်စပ် ရောချက်ထားသော ငါးပိ။
ငါးပိငါးချဉ်သိပ် - ကြိဝိ / ငပိငဂျဉ်သိတ် / [ဥပမာ] အလွန် ပြည့်သိပ် ကျပ်တည်းစွာ။
ငါးပိထောင်း - န / ငပိဒေါင်း / စိမ်းစားငါးပိကို မီးကင်ပြီးလျှင် ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ကြက်သွန် စသည်တို့နှင့် ရော ထောင်းထားသော စားဖွယ်ငါးပိ။
ငါးပိဖုတ် - န / ငပိဗုတ် / ၁။ ယောက်မတွင်ကပ်ကာ မီးကင်ထားသော စိမ်းစားငါးပိ။ ၂။ သစ်ရွက်စိမ်းပတ်၍ မီးခဲအောက်တွင်ထားသဖြင့် ကျက်နေသော ငါးပိကောင်။
ငါးပိရည် - န / ငပိယေ / ငပိယီ / နူးနပ်နေသော ငါးပိကို ရေသင့်ရုံထည့်ကာ ကျိုထားသော အရည်။
ငါးပိရည်ကျို - န / ငပိယေဂျို / ငပိယီဂျို / ၁။ ငါးပိရည်။ ၂။ အရည်ကျိုလျှင် ပျော်သွားသော နူးနပ်နေသည့် ငါးပိ။
ငါးပိရည်ချက် - န / ငပိယေဂျက် / ငပိယီဂျက် / ငါးပိရည်ကို ငရုတ်၊ ကြက်သွန်၊ ပုစွန်ခြောက်တို့နှင့် ရေစပ်စပ် ချက်ထားသော စားဖွယ်။
ငါးပိလိပ်မ္မာကြော် - န / ငပိလိန်မာဂျော် / ၁။ တုံးတစ်၍ ငရုတ်၊ ကြက်သွန်တို့နှင့် ရောကြော်ထားသော ငါးပိ။ ၂။ စိမ်းစားငါးပိကို ငရုတ်၊ ကြက်သွန်စသည်တို့နှင့် ရောကြော်ထားသောစားဖွယ်။
(၃)
သတ်ပုံမှန်ခေတ်က သူငယ်တန်းဖတ်စာမှာ ငပိ။
(၄)
ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်
(၁၉၇၂) ကျောင်းသုံးစာအုပ်
ငါးပိလော - ပုဇွန်ငါးပိလော
(၅)
စာပေဝတ်ဆံ - ၃ [ စာမျက်နှာ ၇ ]
"ငါးပိဆားပြား၊ ဖောက်ကားရအောင်၊ ပဲလွမ်း ပဲကြီး၊ သီးသီးယူ ကြည့်ဆောင်၊ တက်မကိုမြှောင်၊ ကွမ်းပေါင်းနီကြောင်း၊ နာဖူးဆိုး၊ ကိုင်းညွှတ်ယို၊ ပင်ကိုယ်သီးသီးပေါင်းငယ်နှင့်လေး။"
(၆)
ဂွကလေး = အလွန်အသက်ငယ်သော နှမ်းလျင်တမျိုး၏ အမည်။
ဂွချော = အကောင် အကြီး၊ အလတ်များသာ ပါဝင်သော ငါးပိ ငါးခြောက်။
ငပိဆားမရှိတာ ဝယ်လို့ရတယ်။ (လူထုဒေါ်အမာ)
(၇)
မန္တလေးငါးပိချက် (လူထုဒေါ်အမာ) ဆောင်းပါး ၂ ပုဒ်မှာ ငပိ နဲ့ ငါးပိ မတူပါ။ လူထုဒေါ်အမာရေးတဲ့စာ မူရင်းက ငပိလား ငါးပိလား။ခေတ်မကောင်းကတည်းက မူရင်းစာတွေ၊ စာအုပ်တွေကို ထင်သလိုပြင်ထုတ်ဝေ၊ ကိုးကားကြတယ်။
ငပိ နဲ့ ငါးပိ မူကွဲဖြစ်ပါတယ်။ မူကွဲစာလုံးဖြစ်ပါစေ မူရင်းရေးထားတဲ့စာလုံးပေါင်းကို နောက်လူတွေက ထင်သလို မပြင်ရ။ ထင်သလိုပြင်ခြင်းကြောင့် မြန်မာစာ ပိုပြီးပျက်စီးလာပါတယ်။
ငါးပိလောက https://burmese-spelling.blogspot.com/2026/04/blog-post_332.html
ငံ
ငံပြာရည် - န / ငန်ပျာယေ / ငါးပိစိမ်းမှ ထွက်သော အရည်။ (နှံပြာရည်ဟုလည်း ခေါ်တတ်ကြသည်။)
ငန်
ငန် - ကြိ / ငန် / ဆား၏ အရသာမျိုး ရှိသည်။ "ချဉ်ချိုစပ် ငန်၊ အဖန်အခါး၊ ခြောက်ပါးသီးပွင့်။" သံ* ၁၆၇။
— နဝိ / ငန် / ဆား၏ အရသာမျိုး ရှိသော။
ငန်ငြိငြိ - န / ငန်ညိညိ / အနည်းငယ် ငန်သောအရသာ။
ငန်ပျပျ - န / ငန်ပျာ့ဗျာ့ / ငန်ငြိငြိ - န၊ နှင့် အတူတူ။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment