Skip to main content

ဖြတ် ဖျတ် ဖျက်

၁။ တောင်သုံးဆယ်  အစာဖျတ်ဆေးကြောင့်နဲ့ အရင်လိုပြန်စားနိုင်ပြီ (AThwe - စားချက်)

အစာဖျတ်ဆိုတာ ဖျတ်လတ်သည်။ တဖျတ်ဖျတ်လက်သည်။

ဆေးဗူးမှာ အစာဖျက်ဆေး တဲ့။ ဖျက်ဆိုတာ ဖျက်ဆီးတာ။

၂။ မင်္ဂလာပါဆရာရှင့် သမီးကိုယ်ဝန်တားဆေးထိုးတာ ၁နှစ်ကျော်ကြာခဲ့ပါတယ်ရှင့် အခုဖျက်လိုက်တာ ကလေး အမြန်ရချင်ပါတယ်ရှင့်

အသက် မသိ။ ရာသီ မသိ။

ဖျက်လိုက်ဆိုတာ ကိုယ်ဝန်ဖျက်တာ၊ ရေးပြီးသားကိုဖျက်တာ။ ဆေးမသောက်တော့တာကို ဖြတ်လိုက်လို့ ရေးရ။

၃။ ဆရာ ကျွန်မအသက်က ၂၀ ပါ။ အိမ်ထောင်ကျတာ ၂ နှစ်ပြည့်တော့မယ်။ ဆေးဖျက်ထားတာ ၄လပိုင်းကပါ။ လတိုင်း ရာသီလာပါတယ်။ 

၄။ အသက်က ၂၀။ ဆေးဖျက်ထားတာ ၄လရှိပြီ။ ယခု ရာသီလာရင်း အသားစပါလာပါတယ်။ 

အရင်တကြိမ်မှာ မပြင်လိုက်ပါ။ မေးခွန်းတွေထဲမှာ ထပ်တွေ့လို့  ဆေးဖြတ်လို့ ရေးရတယ်။ ဖျတ် မဟုတ်ပါ။

၅။ အခုဆေးက ဒီလ ၁၁ ရက်နေ့မှာ ၂၈ လုံးကုန်ပါပြီဆရာ။ ကျွန်မနဲ့ သူနဲ့က ပြန်တွေ့မှာဆိုတော့ ဆေးဖျက်ထားချင်ပါတယ်ဆရာ။

၆။ ဆရာ သမီးအသက် ၂၂ ပါ။ အိမ်ထောင်သက်တမ်း ၄ လရှိပြီ။ ပထမ ၂ လက ဆေးသောက်ပါတယ်။ နောက် ၂ လကို ဆေးဖျက်ထားတာ ခုထိကလေးမရသေးပါဘူးဆရာ။

၇။ အသက် ၂၇၊ အမျိုးသမီး ကိုယ်ဝန်ယူဖို့ ဆေးဖျက်ထားတာပါရှင်။ ဘာအားဆေးတွေသောက်သင့်လဲ။

မေးနည်းပို့ပြီး။ အချက်အလက် လိုတာမပြောလိုသူတွေအတွက် ဘလော့လင့်ပေးထား။

၈။ ဆရာရှင့် မျက်တောင်ကို အမြန်ခတ်တာကို ဘယ်လိုရေးရတာပါလဲရှင့်။ မြန်မာအဘိဓာန်တွေထဲ ရှာ‌ကြည့်ခဲ့ပေမယ့် မတွေ့လို့ပါ ဆရာ။ တဖျတ်ဖျတ်(စာလုံးပေါင်းက မှားနေမလား မသိလို့ပါ မှားနေခဲ့ရင် တောင်းပန်ပါတယ်) ကို ပြောချင်တာပါ ဆရာ။ စာလုံးပေါင်းကို သေချာမသိသေးလို့ပါရှင့်

ဖျက်

ကိုယ်ဝန်ဖျက်

ပျက်အောင်ဖျက်

ဖျက်ဆီး၊

ဖျက်ဖြို၊

ဖျက်မှုန်း၊

ဖျက်ဖြုန်း၊

ဖျက်သိမ်း၊

ဖျက်သင်္ဘော၊

ဖျက်ချေ၊

ဖြတ်

ကလေးနို့ဖြတ်

ပြတ်အောင်ဖြတ်

ဖြတ်ချိုင်

ဖြတ်ခြင်းခတ်

ဖြတ်ခြင်းလုံး

ဖြတ်ခြွေ

ဖြတ်စာ

ဖြတ်စားလျှပ်စား

ဖြတ်တမ်းစာ

ဖြတ်ထိုးဉာဏ်

ဖြတ်ထုံး

ဖြတ်နှုန်း

ဖြတ်မျဉ်း

ဖြတ်လမ်းလိုက်

ဖြတ်လှီး

ဖြတ်လှဲ

ဖြတ်သန်းသွားလာသည်

ဖျပ်

လန့်ဖျပ် (ထိတ်လန့်)

ဖျတ်

ဖျတ်ခနဲ

ဖျတ်ဖျတ်လတ်လတ်

ဖျတ်လတ်သည်

တဖျတ်ဖျတ်လက်သည်

စိန်ရောင်တဖျတ်ဖျတ်နဲ့

မျက်တောင်တဖျတ်ဖျတ်ခတ်

အမိန့်အာဏာနဲ့ ဖျက်ထားတာတွေကို ပြတ်အောင်ဖြတ်ကြပါစို့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ