Skip to main content

ဥပုသ်သယ် နဲ့ ဥပုသ်သည် ဘယ်အသုံးက မှန်ပါသလဲ

ဥပုသ်သည် ဈေးသည် ပန်းသယ်

(ကန်တော့)

၁။ ဆရာရေ မေးစရာလို့ရှိလို့ပါ။ တစ်ဆိတ်လောက်(တဆိတ်လောက်) ဖြေပေးနိုင်မလားရှင့် ဖာသည်နဲ့ဖာသယ် က ဘယ်ဟာအမှန်ပါလဲရှင့် ဖြေပေးပါဦး။

ကဝိဓဇသတ်ပုံ - ဖါသည်၊ ဖါတန်း။ (ကန်တော့)

မှတ်ရန်- မောက်ချ နဲ့ ဝိုက်ချ ကို တရားသေ ဖေါ်မြူလာနည်းနဲ့ သတင်နေတာမှာ ခြွင်းချက်တွေ ရှိတာကို သတိပြုရမယ်။

၂။ ပန်းသည်နှင့် ပန်းသယ် ဘယ်ဟာမှန်လဲဆရာ။

၃။ ကချေသည် မီးနေသည် မဟုတ်ဘူးလား ဆရာ။

၄။ ဆရာကစာလုံးပေါင်းတာလဲဂရုစိုက်တော့ သမီးမေးပါရစေဆရာ။ အနုပညာသည်လား။ ဆရာရေးတဲ့ သယ်က အမှန်လားဆိုတာ သိပါရစေဆရာ။

၅။ ဆရာ့ကို သိချင်တာလေးမေးပါရစေ။ ဈေးသည်ကို ဈေးသီဖတ်နေလို့ပါဆရာ။ သည် နဲ့ သယ်။

၆။ ပြောင်းဖူးဖုတ်သယ်လား၊ ပြောင်းဖူးဖုတ်သည်လားဆရာ။ အဲ့ဒီနှစ်ခု ဘယ်ဟာ အမှန်ပါလဲဆရာ။

မကြာခဏ သက်သေခံအထောက်အထားတွေနဲ့ တင်ပြပါတယ်။ စံကိုက်သတ်ပုံနဲ့ ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်၊ ကာတွန်းတွေမှာ တခါတခါ အသံ၊ ကာရန်၊ အားကိုယူပြီး ရေးတာမျိုးလည်း ရှိတယ်။

ဈေးသည် အသံထွက် ဇေးသှယ်

“ပန်းသည်”

မောင်လေးရေ ထပါတော့

ရောင်နီ လာလှပေါ့။

တကြော့နှစ်ကြော့ တေးကိုသီ

ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း

ပင်အောက်ကြိုင်လို့လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်

သွားကောက်ချေစို့ကွယ်။

ပန်းသယ်လုပ်စို့ တပြုံးပြုံး

ပန်းတွေ တကုံးကုံး။

ဆရာမင်းသုဝဏ်ကဗျာဖြစ်ပါတယ်။ ပန်းသည်က စံကိုက်သတ်ပုံဖြစ်ပြီး ကဗျာတွေ သီချင်းတွေမှာ ပန်းသယ်လို့လည်း ရေးကြပါတယ်။ 

ပန်းသည် မှန်တယ်။ အနုပညာသည် မှန်တယ်။ ဈေးသည် မှန်တယ်။ ကသယ်ပင်၊ သယ်ပိုးသည်၊ သယ်ယူသွားသည်၊ သယ်သူပို့ဆောင်၊ သယ် ငါဟဲ့ယောက်ျား၊ တို့မှာ သယ်ကိုသုံးပါတယ်။

သယ်

ကသယ်ပင် (သယ်သံထွက်)

သယ် ငါဟဲ့ယောက်ျား (သယ်သံထွက်)

သယ်ပိုးသည် (သယ်သံထွက်)

သယ်ယူသွားသည် (သယ်သံထွက်)

သယ်သူပို့ဆောင် (သယ်သံထွက်)

“ဖက်ဖူးဆင်ခင်ခင်ကြိုက်တယ် သီချင်း”

တိုင်း ပြည်ဘောင်

သာယာ ငြိမ်းချမ်း အေး

ပေးအလှူ နိမ့်သူ မြင့်သူ

မခွဲခြား မကွဲပြား လက်ဆုံ စားမယ်

လာလေ အတူသွားမယ် 

လှည်းနဲ့တတဖုံ လှေနဲ့တမျိုး

ရပ်ကျိုး ရွာကျိုး သယ်ပိုး ရွက်မယ်

အမျှ ဆိုလျှင် သာဓုခေါ်တဲ့ လူမျိုးနွယ် 

သည်

ကချေသည် (သှသံထွက်)

ကုန်သည် (သှယ်သံထွက်)

စျေးသည် (သှယ်သံထွက်)

လက်သည် (သယ်သံထွက်)

လာသွားသည် (ဿီသံထွက်)

သည်ဆောင်းဟေမန် (ဿီသံထွက်)

သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = စည်တောင်း = မယား-လင် (သယ်သံထွက်)။

သည်ပိုးရွက်ဆောင်သည် (သယ်သံထွက်)

သည်မိုး သည်လေ သည်လူတွေ (ဿီသံထွက်)

သည်အကြောင်းအရာ (ဿီသံထွက်)

သည်အမှု (ဿီသံထွက်)

သဘင်သည် (ဿယ်သံထွက်)

အဆိုသည် (အဆိုတော်) (သှယ်သံထွက်)

အသည်ဝန်ကြီး (သယ်သံထွက်)

ဧည့်သည် (သှယ်သံထွက်)

သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = စည်တောင်း = မယား-လင် (သယ်သံထွက်)။

“ပန်းသည် နှင့် ပန်းသယ်”

ပန်းသည် မှန်တယ်။ အနုပညာသည် မှန်တယ်။ စျေးသည် မှန်တယ်။ ကသယ်ပင်၊ သယ်ပိုးသည်၊ သယ်ယူသွားသည်၊ သယ်သူပို့ဆောင်၊ သယ် ငါဟဲ့ယောက်ျား၊ တို့မှာသာ သယ်ကိုသုံးပါတယ်။

သူငယ်ချင်းအစား သယ်ရင်းကို သည်ရင်းလို့ ရေးရင်တော့ ရှေးသုံးအရ လင်မယားဖြစ်သွားမယ်။ 

၆။ မင်္ဂလာပါ ဆရာ ကျွန်မ အသက် ၂၇ ပါ အိမ်ထောင်သယ်(အိမ်ထောင်သည်)ပါ 

သီချင်းအမည်မှာ ပန်းသည်။ သင်္ကေတမျဉ်းထဲမှာ ပန်းသယ်။

“ပန်းသည်”

မောင်လေးရေ ထပါတော့၊

ရောင်နီ လာလှပေါ။

တကြော့ နှစ်ကြော့ တေးကိုသီ၊

ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း၊

ပင်အောက်ကြိုင်လို့ လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်၊

သွားကောက်ချေစို့ ကွယ်။

ပန်းသယ်လုပ်စို့ - တပြုံးပြုံး၊

ပန်းတွေ - တကုံးကုံး။ (မင်းသုဝဏ်)

"ပန်းသယ်"

မောင်လေးရေ ထပါတော့၊

ရောင်နီ လာလှပေါ။

တကြော့ နှစ်ကြော့ တေးကိုသီ၊

ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း၊

ပင်အောက်ကြိုင်လို့ လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်၊

သွားကောက်ချေစို့ ကွယ်။

ပန်းသယ်လုပ်စို့ - တပြုံးပြုံး၊

ပန်းတွေ - တကုံးကုံး။ (မင်းသုဝဏ်)

ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်၊ ကာတွန်း စတာတွေမှာ အသံနဲ့ ကာရန်ကိုလိုက်ရေးတတ်ကြတယ်။

ကိုယ်ဝန်ဆောင်သယ် အသုံး မမှန်ပါ။

ကိုယ်ဝန်ဆောင်

ကိုယ်ဝန်ဆောင်နေသူ

ကိုယ်ဝန်ဆောင်ထားသူ

ကိုယ်ဝန်ဆောင်လူနာ

"ဗိုက်ကြီးသည်" ဟု ရေးသားပြီး အသံထွက်ရာတွင် "ဗိုက်ကြီးသယ်" ဟု ထွက်ဆိုကြသည်။

"ဈေးသည်" ဟု ရေးသော်လည်း စကားပြောရာတွင် "ဈေးသယ်" ဟု အသံထွက်ကြခြင်းမှာ အသံထွက် အပြောင်းအလဲ (Phonetic Shift) ကြောင့် ဖြစ်ပါသည်။

ကုန်သည်

ကချေသည်

လက်သည်

သဘင်သည်

အဆိုသည်

ဧည့်သည်

ဈေးသည်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ