Skip to main content

အမဲသားနှပ် သရက်သီးသနပ်


တင်ထားတာတခု = အမဲသားသနှပ်

မှတ်ချက်

'သနပ်' နဲ့ 'နှပ်' မတူပါ။ တခြားစီ။

သနှပ်လည်း မမှန်။ သနပ်။

သနပ် − န / သနတ် / ၁၊ ဟင်းသီးဟင်းရွက်တို့ ကို ပြုတ်၍ ဆီ၊ နှမ်း၊ ကြက်သွန်ဖြူ စသည် သင့်ရာတို့နှင့် ရောကာ စီမံထားသော အချဉ်စားဖွယ်တမျိုး။ 

၂၊ သရက်သီး၊ မရမ်းသီး စသည့် အသီးများကို ဆီ၊ မဆလာ ၊ ငရုတ်သီး၊ အစိမ်းမှုန့် စသည် တို့နှင့် ရောကာ အချဉ်တည်ထားသော စားဖွယ် တ

မျိုး။ ကုလားတည်။ ဆီစိမ်သနပ်။ 

သနပ်¹− န / သနတ် / အရွက်ကို ဆေးပေါ့လိပ် လိပ်ရာတွင် ဖက်အဖြစ် အသုံးပြုရသော ပင်စောက်တမျိုး။ 

သနပ်²− န / သနတ် / ဖန်သော အရသာရှိသော အရွက်ကို ဟင်းချက်စားရသည့် ပင်စောက်တမျိုး။ သနပ်ခါး − န / သနခါး / ၁၊ မာကျောသော အသား၊ ဆူးပါသော အကိုင်းအခက်၊ စိမ်းဖျော့ဖျော့ရွက်မြွှာတို့ ရှိပြီး မွှေးသော အခေါက်ကို သွေးကာ မျက်နှာ ကိုယ်လက် စသည်တို့ တွင် လိမ်းကျံရသည့် အပင်တမျိုး။ ၂၊ ယင်းအပင်၏ အသားအခေါက်တို့ ကို သွေးရာမှ ရသော အနံ့ မွှေးသည့် အရည်ပျစ်။ (မြန်မာအမျိုးသမီးတို့ မျက်နှာတွင် လိမ်းကျံလေ့ရှိသည်။)

သနပ်၃ - န / သနပ် / ဖန်သော အရသာရှိသော အရွက်နုကို ဟင်းချက်စားရသည့် ပင်စောက်တမျိုး။

သနပ်ချဉ် − န / သနတ်ချဉ် / ချဉ်ဖတ် − န ၊ လက်လုပ်ချဉ် − န ၊ တို့ နှင့် အတူတူ။

သရက်သီးသနပ် (သနပ်) တွင်ပါရှိသော "သနပ်" နှင့် "အမဲနှပ်" တွင်ပါရှိသော "နှပ်" တို့သည် အဓိပ္ပာယ်နှင့် ပြုလုပ်ပုံနည်းလမ်းချင်း မတူကြပါ၊ ကွဲပြားခြားနားပါသည်။

သနပ် (သနပ်သီးသနပ်၊ ဆီစိမ်သနပ်)

အဓိပ္ပာယ်နှင့် ပြုလုပ်ပုံ: ဟင်းသီးဟင်းရွက် သို့မဟုတ် သစ်သီးများကို ဆီ၊ နှမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ မဆလာ စသည်တို့ဖြင့် ရောစပ်ကာ အချဉ်တည်ထားသော၊ သို့မဟုတ် စီမံပြင်ဆင်ထားသော အစားအစာ (Pickle သို့မဟုတ် ချဉ်ဖတ်အမျိုးအစား) ကို ဆိုလိုပါသည်။

ဥပမာ: သရက်သီးသနပ်ဆိုလျှင် သရက်သီးကို အချဉ်တည်ထားခြင်း သို့မဟုတ် ဆီစိမ်ပြုလုပ်ထားသော စားဖွယ်ကို ညွှန်းဆိုခြင်း ဖြစ်သည်။

နှပ် (အမဲနှပ်၊ ကြက်သားနှပ်)

အဓိပ္ပာယ်နှင့် ပြုလုပ်ပုံ: အသား သို့မဟုတ် အစားအစာများကို ရေအနည်းငယ် သို့မဟုတ် ဆီ၊ အနှစ်တို့ဖြင့် မီးအေးအေး (သို့မဟုတ်) ဖိအားသုံး၍ အချိန်ယူပြီး အရည်ခမ်းသည်အထိ (နူးအိသွားသည်အထိ) ချက်ပြုတ်သည့် နည်းလမ်းကို ခေါ်ဆိုခြင်း ဖြစ်သည်။

ဥပမာ: အမဲသားနှပ်ဆိုလျှင် အမဲသားကို ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ နှပ်၍ ချက်ထားသော ဟင်းလျာကို ညွှန်းဆိုခြင်း ဖြစ်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ