မှတ်ချက်
ထန်းရွက်၊ ထန်းလက် လို့ ရေးရ။
(၁)
မိုး တိမ်ယံခါဝယ်
ယာလယ်ပြင်လမ်းမှာလ
ထန်းပင် ထန်းလက် ထန်းရွက်တွေက
အသွယ်သွယ်ပါမောင်ရယ်
မိုး တိမ်ယံခါဝယ်
ယာလယ်ပြင်လမ်းမှာလ
ထန်းပင် ထန်းလက် ထန်းရွက်တွေက
အသွယ်သွယ်ပါမောင်ရယ်
မြရင်တို့ရွာ ရိုးရာဇာတိနွယ်
သြော် လမ်းစဥ် လမ်းဆက်
လမ်းမျက်စိတောင်မှ
လည်ပါတယ်မောင်ရယ်
အကိုရဲ့ ကြိုလှည့်
ညိုနွဲ့ပါ ဆံကေသွယ်
ညီညွတ်ရေးနဲ့
အသက်ရှည်ရှည်ခင်ခင်မင်မင်
လက်ရည်တပြင်တည်း
ရှေးကတော့ပိုချစ်ကြတယ် (လက်ရည်တပြင်တည်း- နန်းတော်ရှေ့ဆရာတင်)
(၂)
နွေဦးကာလ၊ မြူထသောခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရည်
မယားငယ်ဆွေ၊ ထန်းရည်သိမ်းဆည်း
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။ ( ဝန်ကြီးပဒေသရာဇာ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment