ခေတ်သစ်မြန်မာစာသင်နည်းထဲမှာ တွေရတယ်။
"ကလေးဗူးမှုတ်တာကလွဲရင် ဘူး" တဲ့။
မမှန်ပါ။
ကလေးဗူးမှုတ်သည်။ ကလေးဘူးမှုတ်သည်လို့ ရေးနိုင်တယ်။
ဗူးဘုရား
ဆေးဗူး
ဗူးသီးကြော်
ဗူးသီးမှ အရီးတော်
နွယ်ပင်တမျိုး
ဗူးပင်တမျိုး
စုဗူး၊
ဆေးဗူး၊
ပေါင်ဒါဗူး၊
မီးခြစ်ဗူး
ဗူး။ ။ ခံဗူးရွာ။ ခံဗူးကုန်း။ ဗူးပင် ဗူးညွှန့်။ ဗူးသီး။ ဗူးဆို့။ ဗူးဘုရား။ ဗူးသွင်းသည်။ ဗူးတောင်း။ ရေဗူး။ ဗူးခါးရေ။ ဗူးလုံးနားမထွင်း။ ဗူးလေးရာ-မရှိဆင့်။ လူဗူးတောင်း။ ဗူးတလုံးဆောင် = ဗူးသီးတလုံးဆောင်။ ။
ဗူးလုံးနားမထွင်း သမားသာများ၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment