• တို့ကာပင့်ကာ - ကြိဝိ / တို့ဂါပင့်ဂါ / တော်ရုံ သင့်ရုံ။ "ငါသား ပုဇွန်တောင်မှ သေးသေးမွှားမွှားလေးတွေကို ဝယ်ချင်လျှင် တို့ကာပင့်ကာ စားတတ်တယ်။" တစ္ဆေ။ ၆၈။
• တို့စရာ - န / တို့ဇယာ / ငါးပိရည်၊ ငံပြာရည်နှင့် တို့မြှုပ်၍ စားရသော ချဉ်ဖတ်ဟင်းရွက်ပြုတ်သည်။ အတို့။ အမြှုပ်။
• တို့တိ - န / တို့တိ / အသေးအဖွဲ။ တိုလီမိုလီ။ "ဆပ်ပြာ၊ သကြား၊ မဲနယ်တို့တိ အသုံးအဆောင် တိုလီမိုလီလေးတွေက" သူ့လူ။ ၁၇၃။
• တို့တိတို့တိ - န / တို့ဒို့တိဒိ / တို့တိ - န၊ နှင့် အတူတူ။ "ခင်များ တို့တို့တိတိ သိချင်ရင် ကျုပ်ဖိုနား လာကြည့်လဗျာ" စာမိမာန်။ ၂၊ ၅၊ ၄၉။
• တို့ဖတ် - န / တို့ဗတ် / နံ့သာမှုန့် စသည်ကို ထည့်၍ မျက်နှာတွင် ခြယ်လိမ်တို့ရိုက်ရသော အဝတ် စသည်။
• တို့ဖတ်ပုဝါ - န / တို့ဗတ်ပုဝါ / တို့ဖတ် - န၊ နှင့် အတူတူ။
• တို့မီးရှိုု့မီး - န / တို့မီး ယှို့မီး / သူနှစ်ဦးစပ်ကြားဝင်ရောက်၍ ရန်တိုက် ကုန်းချောခြင်း။ "လူယုတ်မာတွေကတော့ တို့မီးရှိုု့မီး လုပ်ကြလိမ့်မယ်" မဉ္ဇူ။ စ။ ၁၁၉။
• တို့များ - နဝ / ဒို့များ / မိမိတို့ကိုယ်ကို သိမ်းကျုံး၍ ညွှန်ပြသော စကားလုံး။ "မမဆိုသည့် စကားကို တို့များ ကြားပါဘူး။" ဝံသသစ်။ ပ။ ၄၇၆။
• တို့လို့တန်းလန်း - ကြိဝိ / တို့လို့တန်းလန်း / မပြီးမပြတ်ပဲ။ "တပိုင်းတစနှင့် တို့လို့တန်းလန်း ကောင်းနေရဲ သဲပင်" တင်းစာ။
ပြန်စာ
‘တို့ဆရာ’ ကို ‘ဒို့ဆရာ’ လို့ အသံထွက်ရပြီး၊
‘တို့စရာ’ ကို ‘တို့ဇယာ’ လို့ အသံထွက်ရတယ်။
‘စသံ’ နဲ့ ‘ဆသံ’ မကွဲသူတွေက လူနဲ့ စားစရာကို အသံထွက်မှားနေကြတယ်။
‘စ’ နဲ့ ‘ဆ’ မှားရေးနေသူတွေကလည်း များတယ်။ သူတို့ ‘ဆရာ’ ကို ‘စရာ’ လို ခေါ်ကြလိမ့်မယ်။
‘ဆရာများနေ့’ ကို ‘ငါးပိရည်နဲ့ တို့စရာများနေ့’ လို့ သတ်မှတ်ကြကုန်လော့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment