Skip to main content

"ငဖမ်းမ" သို့မဟုတ် "ငဖန့်ဝိုင်း" သို့မဟုတ် "ငါးဖယ်အောင်း"



ငဖယ်

ငဖယ်သည်ရေချိုရေငန် ၂ ရပ်လုံးတွင် ကျက်စားသောငါးမျိုးဖြစ်ည်။ ပါဏဗေဒအရ ‘နိုတိုတားရပ်၊ ချီတာလာ’ ဟုခေါ်သည်။ ငဖယ်၏ကိုယ်သည် ပြား၍ ဝမ်းပိုင်းသည်ဓားသွားကဲ့သို့ရှိသည်။ ကျောအရှေ့ပိုင်းဆုံးရှိ အနောက်ပိုင်းဖြောင့်သည်။ ကျော၌အလွန်သေးသောဆူးတောင်တခုသာရှိသည်။ စအိုဆူးတောင်သည် ဝမ်းမှစအိုတိုင်အောင် ကိုယ်၏ ၃ ပုံ ၂ ပုံခန့်တဆက်တည်းရှိသည်။ ဦးခေါင်းငယ်၍ နှာတံအနည်းငယ်ချွန်သည်။ တကိုယ်လုံးတွင် ပါးလွှာသော အကြေးများ တခုပေါ်တခုထပ်ကာဖုံးလျက်ရှိသည်။ ငဖယ်၏အရောင်သည် ကျောပိုင်းတွင်အနည်းငယ်နက်ပြီး ကျန်အပိုင်းတွင်ဖြူသည်။ ကိုယ်အရှည် ၁ ပေမှ ၁့၅ ပေအထိရှိသည်။ ငဖယ်ကိုချက်ပြုတ်စားကြသည့်အပြင် ငပိလည်းလုပ်ကြသည်။   

ငဖယ်အောင်း

ငဖယ်အောင်းသည်သိုင်းမျိုးတွင်ပါဝင်သည်။ ငါးအလတ်စားမျိုးဖြစ်သည်။ ပါဏဗေဒအလိုအားဖြင့်ငဖယ်အောင်းကို ‘ရိုးတီးဗီလင်ဂါရီ’ ဟုခေါ်သည်။ ကိုယ်မှာခပ်ပြားပြားရှိပြီး၊ ဦးခေါင်းမှလွဲ၍ တကိုယ်လုံးတွင်အဖြူရောင်အကြေးများဖြင့်ဖုံးလျက်ရှိသည်။ ကျောရိုးဆူးတောင်တခုတည်းသာရှိသည်။ နှာတံတွင်အပေါက်ကလေးများရှိသည်။ ထိုငါးမျိုးကိုငပိကောင်လုပ်လေ့ရှိ၏။ 

ငဖီးမ။ ။ ငဖီးမကို ငါးတံငါုလ္ဂျလည်းခေါ်သည်။ ရခိုင်တိုင်းဒေသကို ငါးဥကြီးဟူ၍သိကြသည်။ ပါဏဗေဒအလိုအားဖြင့် ‘လေအိုနေသပ်ပူလင်ဒန်’ ဟုခေါ်သည်။ ကိုယ်ပြား၍ ပါးစပ်အရှေ့သို့ငေါထွက်နေသည်။ အရောင်မှာငွေရောင်တောက်နေသည်။ ဆူးတောင်များသည် သန်မာ၍ကြီးထွားသည်။ အမီးခွသည်ရှည်၏။ ကျောရိုးဆူးတောင်နှင့်နှာတံပေါ်၌ အမည်းကွက်များပါရှိသည်။ အရှည် ၅ လက်မ၊ ၆ လက်မအထိရှိသည်။   အထက်ပုံ၊ ငဖြေမ။ အောက်ပုံ၊ ငဖီးမ  

ငါးဖမ်းမ (သို့မဟုတ်) ငါးဖယ်အောင်းသည် မြန်မာနိုင်ငံတွင် တွေ့ရသော ရေချိုငါးမျိုးစိတ်တမျိုး ဖြစ်ပြီး ဒေသအလိုက် ငါးဖားမ သို့မဟုတ် ငါးဖယ် ဟုလည်း ခေါ်ကြသည်။

ငါးဖမ်းမ အကြောင်း သိကောင်းစရာများ

• အမည်ရင်းနှင့် အမျိုးအစား: သိပ္ပံအမည်မှာ Osteobrama feae ဖြစ်ပြီး မြန်မာနိုင်ငံတွင် မျိုးစိတ်အချို့ ရှိသည်။

• အသုံးဝင်ပုံနှင့် ချက်ပြုတ်စားသောက်မှု: ဤငါး၏အသားသည် ပွတတ်သဖြင့် ဆားနယ်၍ ငါးပိကောင်၊ ငါးခြောက် ပြုလုပ်ကြပြီး ကြော်၍လည်း စားသုံးကြသည်။

• ငါးမျှားခြင်း: ကိုယ်တိုင် အလွယ်တကူ မျှားယူနိုင်သော ငါးမျိုးဖြစ်ကာ ဒေသအချို့တွင် ညောင်သီးစသည့် သဘာဝစာများကို အသုံးပြု၍ မျှားလေ့ရှိကြသည်။

ငဖယ်အောင်း ခေါ် ငဖန့်ဝိုင်း နဲ့ ငဖီးမ မတူပါ။

ငါးဖမ်းမ ကတော့ ဒေသအလိုက်ခေါ်ဆိုတာ ဖြစ်ပါမယ်။

AI Overview

ငါးဖမ်းမ ကို အင်္ဂလိပ်လို fisherwoman ဟု ခေါ်ပါသည်။ (အမျိုးသားဆိုလျှင် fisherman ဟု ခေါ်ပြီး၊ ကျား/မ မရွေး အများကိန်းအတွက်မူ fisherfolk သို့မဟုတ် fishers ဟု သုံးနှုန်းနိုင်ပါသည်။)

Smile!

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ