ပြန်စာ
(၁)
ဘုတ်ရွာ: ပုသိမ်ကြီးမြို့နယ်၊ ဘုတ်ကျေးရွာအုပ်စုတွင် တည်ရှိသည်။ မင်းဂံရွာ၏ မြောက်ဘက်တွင် တည်ရှိပြီး မင်းဂံဘုတ်ရွာ အနေဖြင့်လည်း လူသိများသည်။ မင်းဂံရွာကို မင်းဂံရွာဟူ၍လည်းကောင်း မင်းကန်ရွာဟူ၍လည်းကောင်း ရေးထုံးနှစ်မျိုးလုံးကို သုံးပြီး ရေးလေ့ရှိကာ "မင်းဂံ"ဟုသာ အသံထွက်သည်။ မင်းဂံ(မင်းကန်)ဟူသောအမည်မှာ ရှေးမြန်မာမင်းများတူးဖော်ခဲ့သော ကန်အနီးတွင်တည်ရှိသည်ကို အစွဲပြုခေါ်ဝေါ်သည်ဟု သက်ကြီးစကား သက်ငယ်ကြားရင်း မှတ်သားရဖူးသည်။ မင်းဂံရွာ၏ အနောက်တောင်ဘက်ရှိ မြေနိမ့်ကွင်းပြင်ကျယ်ကြီးနေရာ၌ ထိုကန်ကြီးရှိခဲ့ဖူးသည်ဟု ဆိုကြသည်။ မင်းဂံရွာ၏ အနောက်အရပ်တွင် အင်္ကျယ်ရွာတည်ရှိသည်။ ပုဂံခေတ်က တောင်ပြုန်းမင်းနှစ်ပါးကြောင့် ရင်နင့်ဖွယ်အဖြစ်နှင့်ကြုံခဲ့ရသူ အင်္ကျယ်ရွာသူ မရွှေဥ၏ နေအိမ်တည်ရှိသောရွာ ဖြစ်သည်။
ဘုတ်ရွာ၊ မြိတ်မြို့နယ် ။
ဘုတ်ရွာ၊ ဒီပဲယင်းမြို့နယ်။
(၂)
AI
ရှာတဘက် ဆိုသည်မှာ အနီရောင်ဆိုးထားသော ဝါချည်မျှင် (ရှာချည်) ဖြင့် ရက်လုပ်ထားသည့် အနီရောင် ဝါချည်တဘက်ကို ခေါ်ဆိုခြင်း ဖြစ်သည်။
ရှာတဘက်: အနီရောင်လွင်လွင် ရှိပြီး "ရှာချည်" ဟုခေါ်သော အနီရောင်ဆိုးထားသော ဝါချည်မျှင်ဖြင့် ရက်လုပ်ထားသော တဘက်ဖြစ်သည်။
ရှံတဘက်နှင့် ကွာခြားချက်: ရှံတဘက်ကိုမူ ပါးကျဲသောချည်သားဖြင့် ရက်လုပ်ပြီး နောက်ပိုင်းတွင် သိုးမွှေးချည်နှင့်ပါ ရောရက်ကြသောကြောင့် အရောင်အမျိုးမျိုး ရှိတတ်သည်
(၃)
- မိုးရွာမယ် မထင်မိပါလို့ ပါလာတဲ့ ရှန်သဘက်(တဘက်)ကလေးခေါင်းပေါ်တင်မိရင် ဆိုတဲ့ သီချင်းစာသားထဲက ရှန်သဘက်(တဘက်) ဆိုတာ ဘယ်လိုသဘက် ပါ လဲ ဆရာ။ သိပါရစေ။
တဘက် = ကိုယ်ပေါ်တွင် လွှမ်းခြုံရသော ပဝါတမျိုး။ တဘက်ဟူသောအထည်မှာလည်း ပခုံးတင်အထည်ပင် ဖြစ်ပေသည်။
ရှာတဘက်ပါ ရှန်တဘက် မဟုတ်ပါ
ရှံ (ရှန်) ရောင်လို့ရှိတယ်။ အနီလို၊ ပန်းရောင်လို။ အင်တာနက်မှာ ရှန်ရောင်လို့ရိုက်တော့ မတူတဲ့ အရောင် ၅-၆ မျိုး အဝတ်အစားပုံတွေပြတယ်။
- ရှာတဘက်လား ရှံတဘက်လား ဆရာ
- ရှာတဘက်လား ရှံတဘက်လား သိချင်ပါတယ်ဆရာ။ မာမာအေးဆိုတဲ့ ရွှေမင်းဂံသီချင်းမှာ ရှံတဘက်လို့ ကြားမိလို့ပါခင်ဗျ။
- ရှန်တံဘတ် ကလေးခေါင်းပေါ်တင်မိရင်ပဲ သဲသဲမဲမဲ ရွာပြန်တော့
ရှာချည် = အနီရောင်ဆိုးထားသော ဝါချည်မျှင်။
ရှာထည် = အနီရောင် ရှာပန်းထည်။
ရှာနီစောင် = ရှည်ချည်ဖြင့် ရက်လုပ်ထားသော ခြုံစရာ အထည်။
ရှာပန်းထည် = ရှာထည်နှင့်အတူတူ။
သီချင်းစာသားမှာက ရှာတဘက်ဖြစ်တယ်။ ရှံဆိုတာ ခပ်နီနီအရောင်ကို ခေါ်ပါတယ်။ ဆရာမောင်သာနိုးရေးထားကို ကိုးကားပါမယ်။ အဆိုတော် မာမာအေးကလည်း ဝန်ခံထားတယ်။
နန်းတော်ရှေ့ဆရာတင်ဆိုတာ ခေတ်ဟောင်း တေးရေးဆရာများထဲမှာ အရပ်သုံး ခေတ်ပေါ်စကားကို အလွယ်ဆုံး သုံးနှုန်း ရေးဖွဲ့တတ်သူပါ။ ဒါတောင် သူ့ရဲ့ လက်ရေတပြင်တည်းကို ရွှေဉာဏ်တော်စူးပြီး လက်ရေတပြင်စီးရယ်လို့ လုပ်လိုသူ ပေါ်ခဲ့ဖူးသေးတယ်။ ဒေါင်းလန်းကြီးနဲ့ စားကြတယ်ဆိုတော့ ထမင်းကို နှိုက်တဲ့ လက်အသီးသီးက ဟင်းရည်တွေဟာ တပြင်တည်း စီးဆင်းနေတယ်ပေါ့လေ။ နောက်မှ ဒီလိုမဟုတ်ရပါဘူး။ လက်ရည်တပြင်တည်းဆိုတာ တစိတ်တည်း တဝမ်းတည်းလို့ ဆိုလိုတာ ဖြစ်တယ်လို့ ဝိုင်းရေးကြ ထောက်ပြတော့မှ လက်ရည်တပြင်တည်းဖြစ်လာတော့တာ။ ဒါတောင် မင်းဂံဘုတ်သီချင်းထဲက တောသူမလေး ခေါင်းပေါ်တင်လိုက်တာဟာ ရှန်တဘက် မဟုတ်ပါဘူး။ ရှာတဘက် ပါလို့ အဲဒီခေတ်ကို ကောင်းကောင်းမီလိုက်သူ လူထုဒေါ်အမာက ရှင်းပြပေမယ့် ခုထက်ထိ ဒီသီချင်းဆိုသူတိုင်းက ရှန်တဘက် နေတုန်းပဲ။
"ရွှေမင်းဂံ"
ပိတုန်းရောင် ကေသာ ဖြန့်လိုက်ရင် တကိုယ်လုံး ဝေဝေဖြာဖြာ လွင်လွင် မင်းဂံဘုတ်ရွာသူများ အသားတော် ဝင်းဝင်းလို့ ဝါဝါရည်ရွှင် ကြည်ကြည်လင်လင်
ရေကြည်သောက်လျှင် မြင်ရမလောက်ပင် လည်တိုင်သေးပြီး ဘေးကြည့်ကာသာလို့ယဉ် ရွံ့ညွံထဲတွင် ကောက်ပဲသီးနှံ တဖန်စိုက်ရန် သွားကြည့်ပါသော်လည်း ယဉ်ယဉ်ယဉ် အရှေ့တပြင် ဗွေအငူ တောသူတောင်သူ အပျိုပိုင်းက နဂိုအတိုင်း ခပ်ယဉ်ယဉ် ရှုစဖွယ် နုနယ် သူ့အရွယ် သြော် နုနယ် ရှုစဖွယ် သူ့အရွယ် မှုန်မချယ်ပဲ နည်းနည်းကမှ မပြုပြင် ကိုယ်လုံးပေါ်နဲ့ ဝါဝါရည်ရွှင် ကြည်ကြည်လင်လင်
ဟိုတောင်ပေါ် ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေလွင် မိုးရွာမယ် မိုးရွာမယ် မထင်မိပါလို့ ပါလာသည့် ရှာတဘက်လေး ခေါင်းပေါ် တင်မိရင်ပဲ သဲသဲမဲမဲ ရွာပြန်တော့ ခမြာလေး ကင်ပွန်းချုံဆွယ် နံဘေးမှ ပြေးကာ ဝင်သွားရှာသည် မင်းဂံဘုတ်ရွာသူများ အသားတော် ဝင်းဝင်းလို့ ဝါဝါရည်ရွှင် ကြည်ကြည်လင်လင်။
ရွှေမင်းဂံ - မာမာအေး https://www.youtube.com/watch?v=yf-2lVQ8Tqs
https://www.facebook.com/100011605444171/videos/3031437207165254?idorvanity=808083996058066
https://www.youtube.com/watch?v=C2sgLlWKnYE
တဘက်ပဝါ https://burmese-spelling.blogspot.com/.../blog-post_900.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment