"စိမ့်ကြီးမြိုင်ကြီး"
ရေး - ဦးဘသိန်း(မန္တလေး)
ဆို - ကိုအံ့ကြီး
စိမ့် ကြီး မြိုင် ကြီး
ရိပ်ကြီးငယ် သာ ဆန်း လေစွ တကယ်
တလှမ်း မကွာတယ်
ဘယ်ဆီ မြန်း ပါစေတော့ရယ်
နန်းညှာနွယ်
တွဲမီကာ လိုက်ရှာလေတဲ့မယ်
တလှမ်း မကွာတယ်
ဘယ်ဆီ မြန်း ပါစေတော့ရယ်
နန်းညှာနွယ်
တွဲမီကာ လိုက်ရှာလေတဲ့မယ်
ကန္တာ မဆုံးမီမှာကွယ်
တလမ်းလုံး သီကရီ မဒီ ပန်းရှာရော့မယ်
ရွှေအားတော် ငယ်နဲ့ကွယ်
ရွှေအားတော် ငယ်နဲ့ကွယ်
ကန္တာ မဆုံးမီမှာကွယ်
တလမ်းလုံး သီကရီ
မဒီ ပန်းရှာရော့မယ်
ရွှေအားတော် ငယ်နဲ့ကွယ်
ရွှေအားတော် ငယ်နဲ့ကွယ်
ဟောဒီ ကုန်းအတက်ကလေးက
ချော်မယ်
မောင့် ပခုံးကိုသာ
မီတွဲ ဖက်ပါ့ ကွယ်
တော မြိုင်အလည်
မဟီယံ တဝိုက်မှာလကွယ်
မမောနိုင်တယ်
အမီအမြန် လိုက်ရှာတဲ့မယ်
ချော မေခိုင်ရယ်
ပြည်တော်ပြန်လမ်း ပန်းရော့မယ်
တော မြိုင်အလည်
မဟီယံ တဝိုက်မှာလကွယ်
ဪ မမောနိုင်ရှာတယ်
အမီအမြန် လိုက်ပါတဲ့မယ်
ချော မေခိုင်ရယ်
ပြည်တော်ပြန်လမ်း ပန်းရော့မယ်
တောင် တောင်ခြေ ဂမုန်း ငယ်တို့
ချောင်၊ လုံးပြည့် ရွှေဖီရယ်
တောင် တောင်ခြေ ဂမုန်း ငယ်တို့
ချောင်၊ လုံးပြည့် ရွှေဖီရယ်
တောင် တောင်ခြေ ဂမုန်း ငယ်တို့
ချောင်လုံးပြည့် ရွှေဖီရယ်
ကျေးငှက်သံ ပလီတယ်
ဪ ကျေးငှက်သံလေးတွေက ပလီတယ်
တီတီတာ နော့တယ်ကို
ညှိုးပါနဲ့ မယ်
မညှိုး လေလေ့
မညှိုးတဲ့ နိုင်အောင်ကွယ်
မညှိုး လေလေ့
မညှိုးတဲ့ နိုင်အောင်ကွယ်
ဖိုး ရွှေခေါင်
ဖိုး ရွှေခေါင် ငှက်ငယ်ကရယ်
မလေးကို၊ မြည်ကာ ချော့တယ်
မြည်ကာ ချော့တယ်
ကြည်ပါ တော့ကွယ်
မြည်ကာ ချော့တယ် လေး
ဟို တောင်ခြေ စခန်းမှာလ ဗျာ
ဟို တောင်ခြေ စခန်းမှာလ ဗျာ
စမ်းရေအေး အိုင် ထင့် ကြည်လင်တယ်
စမ်းရေအေး အိုင် ထင့် ကြည်လင်တယ်
ဟောဒီ ခင်ကွယ် ဟောဒီ ခင်ကွယ်
အပန်းပြေ သောက်ရအောင်
ဟောဒီ ခင်ကွယ် အပန်းပြေ သောက်ရအောင်
ဝါးကျည်တောက်မယ် အနည်မပါရ စေဖို့
ဖယ်ဖျောက်ကာ ဖယ်ဖျောက်ကာ မောင်ယူဖို့
သွားပါ့မယ် အို ခင်ရဲ့
မျက်ထားသုန်
မျက်ထားသုန် မှုန်ပါနဲ့ မှုန်ပါနဲ့ ကွယ်
စုံကန္တာ နေပူခရီး ဘယ်ထီးမှ မပါပါတယ်ဗျာ
စုံကန္တာ နေပူခရီး ဘယ်ထီးမှ မပါပါတယ်
မြိုင်ကြီးက စလူရွက်ကိုကွယ်
ချူ လက်ဝယ်ကိုင်ချိုး
မြိုင်ကြီးက စလူရွက်ကိုကွယ် ချူလက်ဝယ်ကိုင်ချိုး
မြိုင်ကြီးက စလူရွက်ကိုကွယ် ချူလက်ဝယ်ကိုင်ချိုး
မြိုင်ကြီးက စလူရွက်ကိုကွယ် ချူလက်ဝယ်ကိုင်ချိုး
နေများခ ပျို့အသားညိုမယ်
နေများခရင်ဖြင့် ပျို့ အသား ညိုမယ်
အလိုကွယ် အနားကိုတိုးလို့ကွယ် မိုး
တိုးလို့သာ မိုး မိုး
facebookcom/reel/1525077528936235/?s=single_unit
မှတ်ချက်
တလမ်းလုံးသီကရီ မဒီပန်းရှာရော့မယ် တလှမ်းမကွာတယ် ဘယ်ဆီမြန်းပါစေတော့ရယ်
ယနေ့ခေတ်မှာ မြန်မာစာ တလမ်းပျောက်ရရှာပြီ။ ဘယ်ဆီကို မြန်းသည်မသိ။
တမိုးလုံး ဖျောက်ဆိတ် စကားပုံ
ဖျောက်ဖျောက်ဆိပ်ကြယ် (Pleiades Star Cluster) သို့မဟုတ် မြန်မာ့ရိုးရာအခေါ် ဖျောက်ဆိပ်ကြယ်စု (ကြတ္တိကာနက္ခတ်)
ဗဟုသုတသေချာမသိသူတယောက်ကို ဖျောက်ဆိတ်ကြယ် ဘယ်မှာလဲလို့ မေးတော့ ဟိုကြယ်လက်ညှိုးထိုး ဒီကြယ်လက်ညှိုးထိုးပါသတဲ့။
တ နဲ့ တစ် လည်း အဲလိုဘဲ။ တစ်အသုံးမှန်တွေကို မသိသူတွေက တဝမ်းပူရေးပြီးတိုင်း စသတ်နေကြလေရဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment