ပေါ်လျှပ်ကိုလည်း ပသတ်မည်။
၂။ ရွှေရင်ချင်းစပ်၊ ပါးချင်းအပ်
လက်ထပ်ကိုလည်း ပသတ်မည်။
၃။ ရွှေပေနားကပ်၊ ဆောင်ခေါ်အပ်
အကြပ်ကိုလည်း ပသတ်မည်။
၄။ အင်္ကျီလက်ကျပ်၊ ပါးလျှပ်လျှပ်
လက်စွပ်ကိုလည်း ပသတ်မည်။
၅။ ကိုယ်ဟန်သွယ်သပ်၊ တခုလပ်
နုဖပ်ကိုလည်း ပသတ်မည်။
၆။ အိမ်ခြေတွင်းစပ်၊ အရပ်ရပ်
မလပ်ကိုလည်း ပသတ်မည်။
၇။ ကြယ်သီးရွှေအပ်၊ တရုပ်ကပ် (တရုပ်အပ်-မူကွဲ)
တည်းစပ်ကိုလည်း ပသတ်မည်။
၈။ ရွှေကြာပွင့်ချပ်၊ ကမ္ဘာကပ်
တင့်အပ်ကိုလည်း ပသတ်မည်။
၉။ တရားစေ့စပ်၊ ဆင်ခြေတပ်
ရိုးစွပ်ကိုလည်း ပသတ်မည်။
၁၀။ မြေမှာတုပ်ပျပ်၊ ကြောက်၍ဝပ်
ပျပ်ဝပ်ကိုလည်း ပသတ်မည်။
၁၁။ ပါးပါးချပ်ချပ်၊ ငှက်ပျောဖပ်
သစ်တပ်ကိုလည်း ပသတ်မည်။
၁၂။ ခြေနင်းဖိနပ်၊ သားမြီးယပ်
မွေးညှပ်ကိုလည်း ပသတ်မည်။
၁၃။ ထမင်း မနှပ်၊ မီးဝယ် နှပ်
သနပ်ကိုလည်း ပသတ်မည်။
၁၄။ တိမ်နှစ်ဘက်ညှပ်၊ ပြက်သည်လျှပ်
ကြက်ခွပ်ကိုလည်း ပသတ်မည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment