ဆို - ရေနံ့သာစိုးလှိုင်
(ဖြူပြာလဲ့ မူရာသွယ်နွဲ့ ချစ်တဲ့သူခင်ရယ်၊ မာန်ငြိုမျက်နှာထားတွေရယ် အညှိုးကြီးတဲ့ စိမ်းတာလေလားလေကွယ်။ ရွှေနှင်းဆီငုံကလေးနှယ် နှုတ်ခမ်းတော်စူလွန်းတယ်။) ၂
နေ့စဉ်စောင့်ပါလို့ရယ် နေပေမယ့်ကွယ်၊ ပွင့်နိုင်ခဲ့ပါဘိတယ်၊ သန္တာလဲ့ရယ် ဘယ်ခါချစ်ပြုံး မာလာကိုကွယ် ခူးဆွတ်လို့ဖုန်း မောင်နမ်းသာမယ်။
ချစ်ပြုံးနှင်းဆီပွင့်ကို မျှော်ကာတလင့်လင့် ကြိုတင်မှန်းဆရွယ်၊ ဘယ်ရာသီဝယ် မာလာရယ်ပွင့်မှာလဲကွယ်၊ တငုံထဲမငုံပဲ နဲနဲလဲလျော့စေချင်ပါတယ်၊ သဘာဝတရား မထားသာပဲမို့ကွယ်၊ ပြုံးလိုက်ပါတော့လားကွယ်၊ သနားမဖက်တဲ့ အလှနှင်းဆီရယ်။
(နေ့စဉ်စောင့်ပါလို့ရယ် နေပေမယ့်ကွယ်၊ ပွင့်နိုင်ခဲ့ပါဘိတယ်၊ သန္တာလဲ့ရယ် ဘယ်ခါချစ်ပြုံး မာလာကိုကွယ် ခူးဆွတ်လို့ဖုန်း မောင်နမ်းသာမယ်။)၂
မှတ်ချက် = မျှော်ကာတစ်လင့်လင့် မဟုတ်ပါ။ တစ်ငုံထဲမငုံပဲ မဟုတ်ပါ။
'တ' ကို 'တစ်'
'ဘဲ' ကို 'ပဲ'
လို့မှား သင်
မှားရေးနေကြသူများအတွက်ဖြစ်ပါတယ်။
ချစ်ပြုံးနှင်းဆီ https://www.youtube.com/watch?v=cjnsk32-K6U
ဒေါက်တာတင့်ဆွေ
Comments
Post a Comment