Skip to main content

ပျို့ဆုတောင်း

ကွန်မင့်တခု = ပထမမြင်မြင်ချင့်

မြင်မြင်ချင်းလို့ ရေးရသည်။ မြင်မြင်ချင်းပင် ဘာ့ကြောင့်များချစ်ချင်တယ်။

ပျို့ဆုတောင်း

သဟာယဆရာတင်

မူရင်းတေးသံရှင် တင်တင်အေး (၁၉၃၉)

ပြန်ဆိုတေးသံရှင် ချိုပြုံး

ရှေးရှေးဘဝက ရေစက်ဟောင်းကြောင့်ကွယ်.. မောင့်ကိုသာ အလိုလို ပျို့စိတ်မှာ မေတ္တာပိုတယ်.. ချစ်လက်စမကုန်တယ်…

(မြင်မြင်ချင်းပင် ဘာကြောင့်များ ချစ်ချင်တယ်.. ဘဝဟောင်းက ပျို့ဆုတောင်းကြောင့်ထင်တယ်.)၂ ယုံကြည်ပါနော်… မောင့်ကိုသာ အစဉ်တကယ် ခင်တွယ်.. ကြင်နာ.. သနားစိတ်တွေ.. ဝမ်းထဲကျိတ်ကာ.. မနေနိုင်ပေါင်ကွယ်.. မောင်ရယ်.. ချစ်လက်စ မေတ္တာသွယ်…

(မြင်မြင်ချင်းပဲ ချစ်မိတယ်… မြင်မြင်ချင်းပဲကြိုက်မိတယ်.. စေတနာမောင့်အပေါ်ထားလို့ ပျိုမေ မေတ္တာရှိလှတယ်)၂

ရေစက်ဟောင်း ဆုတောင်ပြည့် လို့ထင်တယ်… သည်ဘဝမှာလည်း ချစ်မပြယ်… မောင်ရယ်.. ချစ်လက်စ မကုန်ဘူးကွယ်…

(အဖေအမေထက် ချစ်တဲ့မောင်မောင်ရယ်.. မိန်းမတို့အိန္ဒြေတွေကိုပယ်.. မောင့်ကိုပင် မမြင်ရ.. ခင်အလှမှာကွယ် မနေတတ်ပျို့စိတ်မှာတကယ်)၂

ချစ်မိရင်လည်းပဲ မရှက်တော့တယ်.. ပျို့သဘောလည်း ပြောပြချင်တယ်… စားလည်းသည်စိတ်ကွယ်.. သွားလည်းသည်စိတ်ကွယ်… မောင့်ကိုသာ စွဲလန်းမိ တယ်…

(မစားနိုင်.. မအိပ်နိုင်.. ချစ်တဲ့စိတ္တဇရယ်.. မောင်နဲ့လည်း မခွဲနိုင်တယ်.. ပျိုအလွန်ပဲစွဲပါတယ်)၂..

အတူနေဖို့ရယ်.. အတူထိုင်ဖို့ရယ်.. ပျိုဆုတောင်းမိတယ်… ချစ်သူရယ်… မြင်မြင်ချင်းပဲ…………………………………………………….မကုန်ဘူးကွယ်။

ချိုပြုံး https://www.youtube.com/watch?v=Uxgv3yYZp40

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ