၂၀၁၉ ခုနှစ်က ဒီလိုရက်မှာ -
အိပ်ရာထတော့ အပြင်မှာ မိုးတိမ်တွေနဲ့။ မေးတာတွေဖြေပါတယ်။ ၅ ခုမှာ ၄ ခုလောက်က ဖေါင့်ပြောင်းရတယ်။ ဇော်ဂျီ တူ ယူနီကုတ်။ အလုပ်ပိုလုပ်ရတယ်။
မေးခွန်း တသုတ်ပြီးတော့ အိမ်ပြင်ထွက် နေလည်းထွက်လာတယ်။
သင့်တင့်တဲ့နေရောင်က ကျန်းမာစေတယ်။
၂၀၂၆ ခုနှစ် ဒီနေ့မှာတော့ -နှင်းဆီပင်နေရာမှာ ချယ်ရီပင် ဖြစ်လာတယ်။
ဒီလိုဘဲ အပြောင်းအလဲတွေ နေရာတိုင်းမှာ။ လူတိုင်းမှာ။ နှစ်တိုင်းမှာ။
သို့သော် -
ပိတောက်ပင် စိုက်မရချေ။
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment