Skip to main content

ဒါ နှင့် တာ

 

“မှန်တာပြော သစ္စာ”

၁။ ကျမတော့သုပ်စားဒါ

သုပ်စားတာလို့ သုံးသင့်။

၂။ ဖြေပေးဒါကျေးဇုူးတင်ပါတယ်ဆရာ

ဖြေပေးတာလို့ သုံးသင့်။

၃။ ဆရာ အဖေက ကိုဗစ်ဖြစ်ဒါ (ဖြစ်တာ) ၂၉ရက်ရှိပြီရှင့် အခု ကအောင်စီဂျင်က ၈၅ တချက်ဖြစ်ပြီး ၉၀ ၉၅ အဲဒီလို တချက်တချက်ဖြစ်နေပါတယ်ဆရာ အဲဒါ ဘာကြောင့်ဖြစ်ဒါ (ဖြစ်တာ) လဲဆရာ ပြနေတဲ့ဆရာကတော့ သွေးအဖြေကောင်းတယ်လိုပြောပါတယ်ဆရာ အောင်စီဂျင်အဲလိုကျဒါ (ကျတာ) စိတ်ပူရလာဆရာ အဖေကအသက် ၇၆နှစ်ပါဆရာ ကျေးဇူးပြုပြီးပြန်လည်ဖြေကြာပေးပါဆရာ။

ကိုဗစ်ဖြစ်တာ လို့သုံးသင့်။

၄။ ပေါလိုက်ထာနဲ့ မသိဒါ မှန်ပါသလား

မသိတာလို့ သုံးသင့်။

တာ

တံ ၁ – ကြီ /တံ/ အလျား၊ အနံ စသည်တို့ကို တိုင်းတာသည်။ “မြင့်လှထက်ဝါ၊ အချင်းတဝက်၊ တယူဇနာ အံ့အာသရဲ။” တန် ၇* ၂ (၅) ။ “ကြိုးခင်း၍ တာသော်၎င်း၊ တံဝါးဖြင့် တာသော်၎င်း။” ပါရာထာနိ။ ၄၃ဂ။

-န /တံ/ ၁၊ အကွာအဝေး အတိုင်းအရှည်။ (ကုလလေး တာခေါ်သော အရည်ကင်တာ (လေးတောင်)၊ မြင်းမိုရ်တာ (ခုနစ်တောင်)၊ စက္ကဝါတာ (ဆယ်တောင်) စသည်ဖြင့် အမျိုးမျိုးရှိသည်။) “အရှေ့၊ အနောက်၊ တောင်မြောက် တာ ပေါင်း၊ လေးသောင်းအပြင်။” တိလာ။ ရ။ ၂။ အပြေးပြိုင်ရာ လမ်း။ “တာတို ပြေးပွဲ၌ ပင်လျှင် အမောဆို့ လာသောအခါ။” လူထုပညာ၊ ၃၊ ၃၊ ၂၁။ ၃။ တူးဖို့ ထားသော ကုန်းရိုး၊ ကုန်းတန်း။ “ကျုံးတာ အလုပ်အဆောင်အမှု။” လွှတ်။ ၇။ ၄၊ တဦးတယောက်အတွက် သတ်မှတ်ထားသော လုပ်ငန်း။ ဆောင်ရွက်ရန် ဝတ္တရား။ “ခံံကျူးလျှင် ခံံတာ၊ ရှေ့ နေကျူး လျှင် ရှေ့ နေတာ။” အသုသံ။ ၅။ ၅။ ကာလအတိုင်းအရှည်။ “တရက်တာကို အသပြာ ခြောက်သိန်းမျှဖြင့် ရှေးက အလှူ ပေးရသည်။” ပုညဝတ်။ ၈၄။ ၆၊ အကြောင်းကိစ္စ။ “ငါး ဆစ်ကြန်ညီ၊ ကူရန်နှင့်၊ ချစ်ညီသက်မျှ၊ တူတကွလျှင်၊ ပျော် ရမည်တာ၊ သစ္စာကေန်၊ မှန်တပြီးကး။” ဝိပျို.* ၅၅။

-စည်; /တာ /ကြိယာ၏ ဆောင်ရွက်မှု အမှုအရာကိုပြသော စကားလုံး။ “မိုးရွာတာကောင်းတယ်။”

တာ၂ – ကြိ /တာ/ ၁၊ စာနာထောက်ထားသည်။ “မကြင်မနာ၊ မတာကိုယ်ချင်း၊ ရက်ရောပြင်းသည်။” ဘူလင် ဂဂ။ ၂၊ ပြီတွယ်ငဲ့ကွက်သည်။ “အသက်ကြီးစွာ၊ ငါတို့မှာကား၊ ဘယ်စာတာစိ၊ တာရေးရှိအံ့။” ကိုး ၁၅၄။

တာ၃ – ကြိ / တာ / ခရာသည်။ ချွဲသည်။ တီတီတာတာ ပြောသည်။ “အင်မတန်တာနိုင်တဲ့ လူပါကလား။” တင်မြ၊ ပ။ ၇၇။

တာ၄ – န /တာ/ သစ်သားစသည်ဖြင့် ပြုလုပ်ထားသော အဖုံးပါ သည့် ပစ္စည်းထည့်စရာတမျိုး။ “နန်းတွင်းဌာန၊ စောရမင်း အား၊ ဝတ်စားစိမ့်ငှာ၊ လုံခြုံစွာဖြင့်၊ ရွှေတာတော်ထဲ၊ သော့ခုံ့စွဲလျက်၊ မခဲစောင်း၊ ထားကုန်ရှောင်းသား။” သီလဝ ၁၆၂။*

တာ၅ – န /တာ/ အတာသင်္ကြန်။ “ရှေးကစည်ဆက်၊ မှတ်သားချက်မူ၊ တာတက်နေ့က၊ တရာ့လေးဆယ်၊ ရက်ပြည့်ကြွယ် မူ။” တိဏ် ၅၃။*

တာကြိုး – န / တာဂျိုး / တိုင်းတာရသောကြိုး။ “လူခုနစ်ရာ ကျော် ရှစ်ရာခန့်ကို ချင်း တူးယွင်းနှင့် တာကြိုးတာဝါးကို ယူစေ၍” စိပံ။ ၃၆၉။

၃။ ဆရာ အခု FM တွေ TV တွေက သတင်းတင်ဆက်ရင် ဒါဆိုတဲ့စကားလုံးကို ထပ်ခါထပ်ခါဘာလို့သုံးနေတာလဲ သိရင်ရှင်းပြပေးစေချင်ပါသည်။ စာတကြောင်းဖတ်ရင် ဒါ ဆိုတဲ့စကားလုံးကို အနည်းဆုံး ဆယ်ကြိမ်ထက်မနဲ သုံးနေတော့ pro မဖြစ်ဘူးလို့ခံစားရလို့ပါဆရာ။

နားမထောင်ဖူးလို့တော့ သေချာမသိပါ။ သတ်ပုံစာအုပ်ထဲမှာ ဒါ အသုံးတွေက အောက်ကအတိုင်းပါတယ်။

ဒါ

ကာလီဒါသ

ဒါနပြုသည်

ဒါယတာ

ဒါယိကာမ

ဒါလီ

ဒါသကျွန်

ဒါနောရက္ခိုသ် တွေသာဖြစ်ပါတယ်။

နာမ်စားတွေဖြစ်တဲ့ ထို၊ ထိုအရာ၊ ယင်း၊ အနှီ၊ ဤ၊ ဤအရာ၊ ၎င်း၊ စတာတွေကို စာရေးရာမှာသုံးတယ်။

ဒါ၊ အဲဒါ၊ ထိုဟာ၊ ဤဟာ၊ ၎င်းဟာ၊ ဟိုဟာ၊ ဟိုဒင်း၊ ဟိုဒင်းဟိုဟာ၊ ဒီ၊ ဒီဟာ၊ သည်ဟာ၊ ဒင်း၊ ဒင်းတို့၊ သင်း၊ သင်းတို့ စတာတွေကို စကားပြောရာမှာ သုံးကြတယ်။ အဲ့ နဲ့ အဲ့ဒါကို အရင်က မသုံးခဲ့ပါ။ အဲ့အဲ့တွေ၊ အော့အော့တွေလို့ အညစ်အကြေးကိုပြောပါတယ်။ ကန်တော့။

သွားတာ လာတာ နေတာ ထိုင်တာ စိတ်ကမပါဘူးရှင် (သီချင်း)

စားလို့ကောင်းလိုက်တာ

စေတနာနဲ့ လုပ်ပေးတာ

ဆင်းရဲချမ်းသာ သဘာဝ တွေ့ကြုံနေကြ လူတိုင်းပေ။

ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တလှည့်စီလဲ အမြဲနေ။

လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။

သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။

အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ 

ဒါ 

• သက်ရှိသက်မဲ့တို့ကို ရည်ညွှန်းရာတွင် သုံးသော စကားလုံးတမျိုး။ ဒါဘယ်သူ့အိမ်လဲ။ ဒါဘယ်သူ့သားလဲ။

တာ

• အလျားအနံ စသည်တို့ကို တိုင်းတာသည်။ မြင့်လှထက်ဝါျင်းတာသော်၊ တယူဇနာ၊ အံ့အာသရဲ။

• အကွာအဝေး အတိုင်းအရှည်။ အရှေ့အနောက်၊ တောင်မြောက် တာပေါင်း လေးသောင်းအပြင်။

• တာတိုပြေးပွဲ။

• တူးဖို့ထားသော ကုန်းရိုးကုန်းတန်း။ 

• တဦးတယောက်အတွက် သတ်မှတ်ထားသော လုပ်ငန်း။

• ကာလအတိုင်းအရှည်။ တရက်တာကို အသပြာခြောက်သိန်းမျှဖြင့် ရှေးကအလှူပေးရသည်။

• အကြောင်းကိစ္စ။ ငါးဆစ်ကြန်ညီ၊ ဣရန္ဓီနှင့်၊ ချစ်ညီသက်မျှ၊ တူတကွလျှင်၊ ပျောက်ရမည်တာ၊ သစ္စာဧကန်၊ မှန်တပြီးကား။

• ကြိယာ၏ ဆောင်ရွက်မှုကို အမူအရာကိုပြသော စကားလုံး။ မိုးရွာတာ ကောင်းတယ်။

• စာနာထောက်ထားသည်။ မကြင်မနာ၊ မတာကိုယ်ချင်း၊ ရက်ရောပြင်းသည်။

• ခရာသည်။ ချွဲသည်။ တီတီတာတာပြောသည်။

• သစ်သားစသည်ဖြင့် ပြုလုပ်ထားသော အဖုံးပါသည့်ပစ္စည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ