တေးဆို- ဝင်းဦး ၊ တင်တင်မြ
သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ
မေတ္တာမိုးတွေ သွန်း..ဖြိုးရွာစွေ
အသည်း..မှာစွဲ...
အသက်ကို ပုံမယ်လေ
သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ
မေတ္တာမိုးတွေ သွန်း..ဖြိုးရွာစွေ
အသည်း..မှာစွဲ...
အသက်ကို ပုံမယ်လေ
တကိုယ်လုံး သိမ်းကျုံး
လိုရာသုံး သက်ဝေ
အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်
အချစ်အတွက်ဖြင့် အသက်ပင်သေသေ
အသွေးယူ အသားကိုလှူလှူ
စိတ်တူတယ် ရီရီပြုံးပြုံး
မဒီဒေဝီ ဝေသန်ထုံးလို
နှလုံးပြုကာ ကြည်ဖြူမှာတွေ
သက်ဝေ ဆိုသမျှ အလိုကျ
ကိုယ်ရောစိတ်ပါ လိုက်လျောရပါမယ်လေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေလတွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မသွေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေလတွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မသွေ
ချစ်တဲ့သူ အမူတုံးလေးက
တိမ်စင်လနှယ် အလှကြွယ်ရှာသလေ
ကြာကြာလေ မရိုးတဲ့အပြင်
ဆတပိုးတိုး၍ အချစ်တွေ
ကမ္ဘာမြေ အသချေင်္လဲတောင်
မခွဲပေါင် တောင်းဆုကိုခြွေ
သက်ဝေ ချစ်မက် မပြေတယ်လေ...
ခိုင်းတော့ သက်ဝေ
အချစ် စမ်းချင်စမ်း မစမ်းချင်နေ
ထူးတဲ့ ခင်မင်တာတွေ
အသက်ကို စွန့်ရတောင်လေ
မငြိုငြင်ဘူးရှင့် အသင့်လိုရာစေ
မခိုင်းရက်ဘူးကွဲ့
ဒီကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ
ရှေ့က မောင်သာ အစဉ်နေ
အသက်နဲ့ထပ်တူ ကြင်မလေ
ရင်ကို ခွဲလို့ အသည်းလိုရာစေ
ချစ်သက်ဝေ... နှမ
စိတ်တိုင်းကျရာ ပျော်သလိုနေ
လှသထက် လှမယ်ဆိုရင်
ဆေးဖက် ဝင်ပါသလား
မောင့်အသွေးတွေ
မောင့်အသားတွေ
မောင့်အသည်းတွေ
သြော် မောင့်နှလုံးတွေ
အသုံးပြုပါလေ
ကြည်ဖြူပါတယ်
လိုရာကို ယူစေ...
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေလတွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မသွေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေလတွေကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မသွေ
ချစ်တဲ့သူ အမူတုံးလေးက
တိမ်စင်လနှယ် အလှကြွယ်ရှာသလေ
ကြာကြာလေ မရိုးတဲ့အပြင်
ဆတပိုးတိုး၍ အချစ်တွေ
ကမ္ဘာမြေ အသချေင်္လဲတောင်
မခွဲပေါင် တောင်းဆုကိုခြွေ
သက်ဝေ
ချစ်မက် မပြေတယ်...လေ
https://www.facebook.com/reel/1118103687748684
သီချင်းစာသားတင်တဲ့ Lyrics နေရာမှာ တတွေကို မလိုအပ်ဘဲ တစ်ထားတာသာမက ‘မခွဲပေါင်’ ကို ‘မခွဲဘောင်’ တဲ့။
သီချင်းစာသားတင်တဲ့နေရာတွေနဲ့ နောက်ခံစာသားမှာ မှန်တာရယ်လို့ ၅% ကနေ ၁၀% လောက်သာ တွေ့ရတယ်။
‘တ’ တွေကို မလိုအပ်ဘဲ ‘တစ်’ ခိုင်းကတည်းက မြန်မာစာ ပျက်စီးခြင်း စတင်ခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment