Skip to main content

သင်္ကဿနဂိုရ်မှာ (၂)

သင်္ကဿနဂိုရ်ဟာ ကနေ့အိန္ဒိယမြေပုံမှာ Sankisa လို့ခေါ်တယ်။ ယူပီပြည်နယ်ထဲမှာ၊ ဒေလီနဲ့ လပ်ခနောင်းမြို့ ကြားမှာရှိတယ်။ Sankassa နဲ့ Sankasia လို့လည်းခေါ်တယ်။ Sankissa နဲ့ Sankasya လို့လည်း ခေါ်တယ်။ အာသောကမင်းကြီးကရှာဖွေပြီး ကျောက်တိုင်စိုက်ထားခဲ့တယ်။ အခုတော့ ပျက်စီးနေပြီဖြစ်တဲ့ စေတီလည်း တည်ထားခဲ့တယ်။ စိတ်ကူးယဉ် ရာမယနဇာတ်ထဲမှာ သီတာမင်းသမီးဖခင် နေခဲ့တယ်လို့ ဆိုထားတယ်။

မြိုတော်ရဲ့အဝင်ဝနေရာဟာ မြတ်စွာဘုရား အဘိဓမ္မာတရားဟောကြားအပြီး တာဝတိံသာနတ်ပြည်ကနေ ပြန်ဆင်းအလာ ဆိုက်ရောက်တဲ့နေရာလို့ မှတ်တမ်းချို့ကဆိုပါတယ်။
ဗုဒ္ဓဘာသာဝင်တွေက သီတင်းကျွတ်လပြည်နေ့မှာ ဆီမီးတွေ မီးရောင်စုံတွေ ထွန်းညှိပူဇော်ကြပါတယ်။ ကျွန်တော်တို့ မိသားစုက သီတင်းကျွန်လပြည့်တိုင်း ရောက်ရှိနေရာဘယ်မှာဖြစ်ဖြစ် မီးထွန်းကြပါတယ်။
ခါတိုင်းတော့ ကျွန်တော့်သက်စေ့ထက် ဖယောင်းတိုင်တတိုင် အပိုထွန်းတယ်။ ကနေ့တော့ ဖယောင်းမီးခွက်အရေအတွက် နည်းလို့ ဆယ်ခွက်တည်းသာထွန်းညှိပူဇော်ပါတယ်။ စိတ်ကတော့ သင်္ကဿနဂိုရ်မှာ။
ဖြည့်စာ
ရှင်တော်ဗုဒ္ဓ တာဝတိံသာ နတ်ပြည်ကနေ သင်္ကဿနဂိုရ်ပြည်ကို ဆင်းလာတယ်ဆိုတဲ့ဇာတ်လမ်းဟာ မူရင်းပါဠိတော်မှ မပါရှိ။ ဘုရားပရိနိဗ္ဗာန်ပြုပြီး အနှစ် (၁၀၀၀) လောက်မှာပြုစုတဲ့ ရှင်မဟာဗုဒ္ဓဃောသရဲ့ အဋ္ဌသာလိနီ အဋ္ဌကထာမှာ စတင်တွေ့ရှိရတာ ဖြစ်တယ်လို့ ဖတ်ရပါတယ်။ သင်္ကဿနဂိုရ်ပြည်နေရာကို ရှာတွေ့ခဲ့တဲ့ အာသောကဘုရင်ကြီးဟာ ဘီစီ ၂၆၈ ကနေ ၂၃၂ အထိ အုပ်စိုးခဲ့ပါတယ်။ ဝီကီပီးဒီးယားထဲမှာပဲ ဂေါတမမြတ်စွာဘုရား ဘီစီ ၅၆၃/၄၈၀ ကနေ ၄၈၃/၄ဝဝ လို့ ဆိုထားတယ်။ ဘုရားပရိနိဗ္ဗာန်ပြုပြီး အနှစ် (၁၀၀၀) လောက်မှာဆိုတာက အာသောကထက် အများကြီးနောက်ကျနေတယ်။
မူရင်းပါဠိတော်နဲ့ သမိုင်းအထောက်အထားတွေ အရေးကြီးသလို ကြည်ညိုစိတ်ထား ခြင်းဟာလည်း အရေးကြီးပါတယ်။ ယဉ်ကျေးမှုအစဉ်အလာတရပ်အဖြစ်လည်း တန်ဖိုးရှိတယ်လို့ ယူဆမိပါတယ်။

သင်္ကဿ (Sankissa - Sankasia, Sankassa နှင့် Sankasya ဟုလည်း ခေါ်ဆိုကြသည်) သည် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်းမြို့တမြို့ဖြစ်ပြီး ဂေါတမဘုရားရှင်သည် တုသိတာနတ်ပြည်သို့ ကြွရောက်ကာ မယ်တော်အား တရားဟောကြားတော်မူပြီးနောက် ဤသင်္ကဿမြို့သို့ ပြန်လည် ဆင်းသက်တော်မူရာ နေရာအဖြစ် ကျော်ကြားပါသည်။ ဘုရားဖူးသွားရောက်ရန် အဓိကနေရာကြီး ရှစ်ခုတွင် တခုအပါအဝင်ဖြစ်ပြီး သာဝတ္ထိပြည်မှ ယူဇနာသုံးဆယ် ကွာဝေးပါသည်။ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်း ၃၀၀ ခန့်အကြာတွင် အသောကမင်းကြီး လာရောက်ဖူးမြော်ခဲ့ပြီး ဆင်ရုပ်ထုထိပ်ဖူး ကျန်ရှိနေသေးသော အသောကေကျောက်တိုင်ကို စိုက်ထူခဲ့ပါသည်။ ထို့ပြင် ဘုရားရှင် နတ်ပြည်မှ ဆင်းသက်တော်မူခြင်းကို အထိမ်းအမှတ်ပြုသည့် စေတီတော်နှင့် ကျောင်းတော်ကိုလည်း တည်ဆောက်ခဲ့ပါသည်။

ယခုအခါ သင်္ကဿမြို့ကို Kampil ကန်ပဲလ် နှင့် Kannauj ကန်နော့ဂ် အကြားရှိ၊ Ikkhumati river အိုက်ခူမာတီမြစ်နှင့်  (Kalinadi) ကာလီနဒီမြစ်၏ မြောက်ဘက်ကမ်းရှိ သင်္ကီဆာ ဘာဆန်တပူရာ (Sankisa Basantapura) အဖြစ် ဖော်ထုတ်သတ်မှတ်ထားကြသည်။ ၎င်းသည် အူတရာပရာဒက်ရှ် (Uttar Pradesh) ပြည်နယ်၊ ဖရုခါဘတ် (Farrukhabad) ခရိုင်အတွင်း တည်ရှိပြီး ဖတေဂါး (Fatehgarh) မြို့၏ အနောက်ဘက် ၂၃ မိုင်၊ ကိမ်ဂန့် (Kaimganj) မြို့၏ တောင်ဘက် ၂၅ မိုင်နှင့် ကန်နော့ဂ် (Kannauj) မြို့၏ မြောက်ဘက် ၄၅ မိုင်အကွာတွင် တည်ရှိပါသည်။
ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၈

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ