တင်ထားတဲ့စာ = Snow Creeper ဒီဇင်္ဘာပန်း
ကွန်မင့်တခု = ဘယ်လိုခေါ်ခေါ် ကြိုက်ပါတယ်ဆရာ ရှင့်။
မှတ်ချက်
ကျွန်တော်ကတော့ မူကွဲအမည်နဲ့ စာလုံးတွေကိုတော့ ကိုယ်ကြိုက်တာရွေးသင့်တယ်။
မှားပြောတာကိုတော့ ဘယ်လောက်ကောင်းတယ်၊ မွှေးတယ်ဆိုဆို မကြိုက်ပါ။
မုံ့ရွေးစားသူတိုင်းဟာ ကြိုက်လည်းကြိုက် ကောင်းလည်းကောင်းတာကို ရွေးကြလေ့ရှိပါတယ်။
"နှင်းဆီကို အမည်ဘယ်လိုပေးပေမွှေး" ဆိုတာက ရသသဘောရေးတဲ့စာ။
ကျွန်တော်ကတော့ 'ဏှင်းဇီ' လို့ ရေးတာကို မွှေးတယ်မထင်။
လူကြီးမင်းတို့သဘော။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment