ကျုံးတပတ် စက်ဘီး ပြန်စီး၊ မဆိုးသေးမိတ်ဆွေတဦးက တင်ထားတာ။
ကျွန်တော်ကတော့ စက်ဘီးမစီးဖြစ်တာ အတော်ကိုကြာပြီ။
နယူးဒေလီကို ရောက်စနှစ်မှာ စက်ဘီလေးတစီး ဝယ်နိုင်လာတယ်။
စက်ဘီးတလှည့်၊ ဘတ်စ်ကားတလှည့်၊ ဆိုက်ကားတလှည့်။
နှစ်တွေအတော်ကြာမှ ကားလေးတစီးဝယ်ပါတယ်။
ကျွန်တော် ဆေးကျောင်းသားဘဝမှာ ကျုံးတပတ်လမ်းလျှောက်ခဲ့တယ်။
ပန်းဝင်တဲ့နေရာမှာ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်စားရလို့။ ကောင်းတယ်။
အခုတော့
အခန်းထဲမှာသာ စက်ဘီးစီးနိုင်ပါတော့တယ်။
စက်ဘီး စီးနိုင်သူတွေ နေကောင်းကြပါစေ။
စက်ဘီး မစီးနိုင်တော့သူတွေ ကျန်းမာကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment