၁။ သက်ရှည်ကျမ္မာချမ်းသာကြပါစေ (Mandalay University Friends)
၂။ ကြမ္မာ နှင့် ကျမ္မာ အသုံးနှုန်း
ကွဲပြားပါသလား ဆရာရှင့်
ကြမ္မာ
= ကုသိုလ်ကံ၊
အကုသိုလ်ကံဟူသောအကြောင်းတရား။
ကြမ္မာကိုကား၊
ဘုရားသံဃာ၊ ပစ္စေကာမျှ၊ ဘယ်မှာဖီကား၊ လွတ်နိုင်ငြားအံ့။ မနော * ၈၉။
၃။ ကံကျမ္မာ ကံကြမ္မာ ဘယ်စကားက
မှန်ပါသလဲဆရာရှင့်
ကံကျမ္မာ
မမှန်ပါ။ ကျမ္မာ လို့ရေးရင် မှန်တယ်။
ကံကြမ္မာ
= ကိုယ်၊ နှုတ်၊ စိတ်တခုခုဖြင့် ပြုလုပ်သောအမှု။ ကောင်းကျိုး၊ မကောင်းကျိုးကို
ဖြစ်စေသော အကြောင်း။
ကံကြမ္မာကို
ဇွတ်လွှဲမချရ။
ကျမ္မာ =
ကျန်းမာ
ကျမ္မာလို့
အရင်ကရေးကြတယ်။ အခုတော့ ကျန်းမာလို့ရေးကြတယ်။ နှစ်မျိုးလုံးက နေကောင်းတာတွေပါပဲ။
မူကွဲသတ်ပုံဆိုတာလည်း
ဟိုအရင်ကတည်းက ရှိခဲ့တယ်။ အဲတာကို တမျိုးတည်းလုပ်ခိုင်းတာ မသင့်ပါ။
ကျန်းမာ
ကျမ္မာ မြန်မာ မြမ္မာ
မြမ္မာပြည်သူပြည်သားတွေ
ကျမ္မာချမ်းသာကြပါစေ။
မြန်မာပြည်သူပြည်သားတွေ
ကျန်းမာချမ်းသာကြပါစေ။
အင်္ဂလိပ်စာလည်း
တတ်ကြပါစေ။
အင်္ဂလိတ်စာလည်း
တတ်ကြပါစေ။
ပဌမဆုရကြပါစေ။
ပထမဆုရကြပါစေ။
တရုတ်ကို
သတိထားပါ။
တရုပ်ကိုသတိထားပါ။
လက်ဖက်ရည်လည်း
သောက်ကောင်းကြပါစေ။
လ္ဘက်ရည်လည်း
သောက်ကောင်းကြပါစေ။
၄။ ဆရာရှင့်(ကျမ္မာ)နဲ့(ကျန်းမာ)
ဘယ်ဟာကအမှန်ပါလဲရှင့် အခုလူတွေရေးနေကြတာ (ကျန်းမာ)လို့ရေနေကြလို့ပါ
အရင်က
စာလုံးဆင့်ရေးနည်း ရှိခဲ့တယ်။ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ ကျမ္မာ၊ မင်းသ္မီး၊ မြမ္မာ၊
မိမ္မ၊ ဆုမ္မ၊ မိုဃ်း၊ ကျမ္မာ၊ မင်းသ္မီး၊ မိုဃ်း၊ မဲးဇာ၊ ယ္ခင်၊ မြမ္မာ၊
သ္ခင်တွေကို အရင်ကလောက် မရေးကြတော့ပါ။
စွဲး၊
စဲး၊ ထဲး၊ ၍့၊ ၏့၊ မှု့၊ သဲး၊ ဧးတွေမှာ အောက်မြစ်နဲ့ ဝိသဇ္ဇနီတွေမပါပဲ
ရိုးရိုးလေးရေးလာတာကြာပြီ။
ကျမ္မာလို့
အရင်ကရေးကြတယ်။ အခုတော့ ကျန်းမာလို့ရေးကြတယ်။ နှစ်မျိုးလုံးက နေကောင်းတာတွေပါပဲ။
မူကွဲသတ်ပုံဆိုတာလည်း
ဟိုအရင်ကတည်းက ရှိခဲ့တယ်။ အဲတာကို တမျိုးတည်းလုပ်ခိုင်းတာ မသင့်ပါ။
ကချေသည်
နဲ့ ကခြေသည်
ကစွန်း
နဲ့ ကန်စွန်း
ကျမ္မာ
နဲ့ ကျန်းမာ
ကျေညာ
နဲ့ ကြေညာ
ကျောင်းသင်ခန်းစာ
- ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
ကြက်သရေ
နဲ့ ကျက်သရေ
ကလေး
ခလေး
ကုတင်
ခုတင်
ချီးကျူး
ခြီးကျူး ခြီးကြူး
ခွဲစိတ်ဓါး
(ခွဲစိတ်ဒါး)
ငပိ နဲ့
ငါးပိ
စပယ်ပန်း
နဲ့ စံပယ်ပန်း
ဆန်ခါ
နဲ့ ဇကာ
ဇရပ် -
စရပ်
တံတား -
တန်တား
တကျော့နှစ်ကျော့
တေးကိုသီ သီချင်း
တကျော့နှစ်ကျော့
ရုပ်ရှင် အသစ်
တကျော့နှစ်ကျော့
ရုပ်ရှင် အဟောင်း
တကြော့နှစ်ကြော့
တေးကိုသီ ကဗျာ
တရုပ်
တရုတ်
ထဗီစိမ်းဆင်ထားသည့်
စစ္စတာတဦး (တက္ကသိုလ်ဘုန်းနိုင်၊ ဝသန်လေချိန်မှန်ကူး)
ထဘီကျွတ်၍
လွှတ်လိုက်သည် (ရုပ်ရှင်)
ထမီကျွတ်၍
လွှတ်လိုက်မည် (မောင်သာရ)
ထား ဒါး
ဓါး ဓား
ဓာတုဗေဒ
- ဓါတုဗေဒ
ပဌမ နဲ့
ပထမ၊
ဖတ်စာ
နဲ့ ဘတ်စာ
ဖိနပ်
နဲ့ ဘိနပ်
မြင့်မိုရ်
- မြင်းမိုရ်
မြမ္မာ
နဲ့ မြန်မာ
မိမ္မ
နဲ့ မိန်းမ
မုံ့ နဲ့
မုန့်၊
ယ္ခင်
နဲ့ ယခင်
ရက်ကန်း၊
ယက်ကန်း၊ ယက္ကန်း
ရွှေတော်ဓော
- ရွှေမောဓေါ - ရွှေမေါ်ဓေါ
ရှမ်း -
သျှမ်း
ရှိသေးတယ်။
တွေ့တိုင်း ထပ်ဖြည့်ပါမယ်။
ရုံးပတီ
(၁၉၉၁ မြန်မာအဘိဓာန်)
ရုံးပတီသီး
(ကဝိဓဇ သတ်ပုံကျမ်း)
လက်ဖက်
နဲ့ လ္ဘက်
လဘက်
လက်ဖက် လ္ဘက်
သင်္ခန်း
နဲ့ သင်ခန်း ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
သန်ကောင်
နဲ့ သန်ခေါင် သန်းကောင်
သမတ နဲ့
သမ္မတ
သမီး နဲ့
သ္မီး
သ္ခင်
နဲ့ သခင်
အင်္ဂလိပ်
- အင်္ဂလိတ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment