Skip to main content

သူသတ်ဩဝါဒ မေတ္တာစာ

 

(ရွှေကျင်ဆရာတော်)

များတကာ သူတော်တို့မှာ

"အော် ... ငါကား

များမကြာ သေရချေ အနိစ္စ အနိစ္စ"

ငါ့ဒကာ ဗိုလ်မင်းမှာ

"ငါသို့သော မင်းယောက်ျား

ပြဒါးသေမှ သေမည်ပ နိစ္စ နိစ္စ"။

များတကာ သူတော်တို့မှာ

"အော်.... ငါကား ဆင်းရဲချေ ဒုက္ခ ဒုက္ခ"

ငါ့ ဒကာ ဗိုလ်မင်းမှာ

"ကာမဂုဏ် ပွဲစုံကျင်းပ၍

အဟော သုခ သုခ"။

များတကာ သူတော်တို့မှာ_

"အော်.... ငါကား အစိုးမရ

အနတ်တ အနတ်တ"

ငါ့ဒကာ ဗိုလ်မင်းမှာ

ကြိမ်မာမာ တလုံးနှင့်

"ဟဲ့ ငါကား အစိုးရ အစိုးရ

နင်မကြောက်လား

သင့်အမေဟာ ထိတ်ခတ်ပါလား

ဝါးညှပ်ပါလား"။

ဘာဝနာ ပြန်ပြောင်းနှင့်

ကာလညောင်း၍ သန်းခေါင်တိုင်

အချိန်ကုန်လို့မှ မအိပ်နိုင်

နက်ဖြန်ခါ ချိုင်မည့်ပုံ

ဗျာပါဒ ဝိတက်နှင့် တညဉ့်ကုန်။

နေအရုဏ် မိုးသောက်ပြန်လျှင်လည်း

များတကာ သူတော်တို့မှာ

"ဗုဒ္ဓေါ ဗုဒ္ဓေါ ဘုရား ဘုရား" နှင့်

ဘုရားရှိခိုးကြ၍ တစာစာ

ငါ့ဒကာ ဗိုလ်မင်းမှာ

"ဟဲ့ ညဦးက ထောင်မှာထားသည့် လူ

ဟဲ့ ယူခဲ့ဦး ငါစစ်မေးမည်။

ဟဲ့ ငမိုက်ခွေး မှန်အောင်လျှောက်

ငါသို့သော မင်းယောက်ျား

လှည့်စားပြန်ပြီ နင်နော်

ကလအော်နှင့် နှက်ချိုးလို့

သွားအားလုံး ကျိုးတော့မည်

မော့လဟဲ့ နင့်လည်ပင်း

နင်းလိုက်ကြလဟဲ့ သေအောင်

ဆွဲခဲ့ပါလား သင်းသျှောင်

လားလားဟယ် ငါ တတောင်စာ ကျွေးရော့မည်

ခွေးမသား ဟိုတတွေလည်း

ကြည့်လို့သာ နေနိုင်လေ"။

အထွေထွေ အလာလာ

ဘုရား ဒကာကို ဆဲ

ကျောင်း ဒကာကို မဲ

ဆင်းရဲသား တရာ

ငိုမျက်နှာ မြင်ရမှ

မင်းမျက်နှာ တကိုယ်ရသည့်

ရာဇကိစ္စနှင့် တနံနက်မျော။

ရောတခါ နေ့လယ်ချမ်းတိုင် ရောက်လျှင်

များတကာ သူတော်တို့မှာ

ဘာဝနာ ကျွက်ကျွက်ညံ

စာအံသံနှင် တအုန်းအုန်း။

ငါ့ဒကာ ဗိုလ်မင်းမှာ

ကြိမ်တံဖျာ ရိုက်သံနှင့် တဘုံးဘုံး

ဟေးလားဝါးလား ပျော်ပွဲစား၍ တပြုံးပြုံး

အရပ်နီး သူတော်တို့မှာ မုန်းစရာ

သမ္ဖပ္ပလာနှင့် တနေ့ကုန်။

အချိန်လွန် ညနေချမ်း ရောက်ပြန်ခါ

များတကာ သူတော်တို့မှာ

ပန်းကလာပ် ထွေထွေလာ

ပန်းညောင်ရေ အဖြာဖြာနှင့်

သူ့ထက်ငါ ဘုရားသွား။

ငါ့ဒကာ ဗိုလ်မင်းမှာ

ကြေးစည်သံ မြိုင်မြိုင်ကြား၍သော်မှလည်း

မေးတင်းမှ မပြုအား

ဆင်ပြင်လား မြင်းပြင်လား

သူခိုးဖမ်းလား ဓါးပြဖမ်းလား

သူသတ်ထောင်ကိုသာ ခါခါသွား။

ဥပုသ်သီလများကို ဆိုပြန်လျှင်လည်း

လပြည့်နေ့သော လကွယ်နေ့သော

သူပြောမှ ဟုတ်ဟန်ရှိ

မသိတခါ သိတခါ

ရှင် နှစ်ဝါ သုံးဝါ ပတ်လုံး

ဆုံးမခဲ့သည့် ငါ့တရား

မင်းမြှောက်စား၍ တက်တက်ဖြူ။

ကျောင်းစာရေးသူငယ်

ဖြစ်လာစဉ် အခါဝယ်လည်း

(၁) မဟော့ရမ်းနှင့် မဟော့ရမ်းနှင့်၊

ဟော့ရမ်း, ပရမ်းပတာ ဖြစ်တတ်သည်။

(၂) မပေါ့လွန်းနှင့် မပေါ့လွန်းနှင့်၊

ပေါ့လွန်း, ဥစ္စာ ကုန်ခန်းတတ်သည်။

(၃) မကြော့ကြမ်းနှင့် မကြော့ကြမ်းနှင့်၊

ကြော့ကြမ်း, သူများ ရယ်သွမ်းသွေးတတ်သည်။

(၄) မရုန့်ကြမ်းနှင့် မရုန့်ကြမ်းနှင့်၊

ရုန့်ကြမ်း, သူများမုန်း၍ ပန်းတတ်သည်။

(၅) မသော့သွမ်းနှင့် မသော့သွမ်းနှင့်၊

သော့သွမ်း, အဝီစိမှာ ခါးပန်းသတ်လိမ့်သည်။

အတည်တည် ဆုံးမခဲ့သည့် ငါ့စကား

နောက်ဖယ်နားတွင် နင်မထား

သားမယား ဖော်ပုံမှာ

တဘဝ တွက်တာနှင့်

သံသရာမှာ ကျွမ်းစောက်ထိုး

အဝီစိမှာ အောက်ဆုံးမျိုး

ကိုယ်ကျိုးကြီး နည်းစရာ။....

(ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး)

#ရှေးစာကဗျာများ

မှတ်ရန်

'သတ်' စာလုံးရေးရင် ဘာဖြစ်မယ် ညာဖြစ်တယ်သမားတွေကို ထောင်ဖမ်းသလိုဖြစ်မည်။ ယုန်ကမတိုး ပိုက်ကတိုးနိုင်သည်။ ကန်တော့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ