Skip to main content

ဆောင်းရာသီတိုင်းမှာ ပြင်ပေးရတဲ့စာလုံးတွေ မနည်းပါ

 

1.       ကသာမုန့်ညှင်းချဥ်၊ အကြိုက်တူကြလား - မုန်ညင်းလို့ ရေးရပါသည်။

2.       ဆောင်းရာသီစာ မုံ့ညှင်းပေါင်း (မုန်ညင်းလို့ ရေးရ)

3.       ဒီနှစ်တော့ ဆောင်းရာသီအတွက် ကြက်သွန်ဖြူတမြောင်းတော့ စတင်စိုက်ထားပြီးပါပြီ၊ နံနံပင်နဲ့ မုန့်ညှင်းစိမ်းအပင်တွေတော့ နောက်ရက်တွေကြ(ကျ)မှ ထပ်စိုက်ရပါအုံးမယ်။ မုန်ညင်းလို့ ရေးရပါသည်။

4.       မုန်ညှင်း (မုန်ညင်း)ရွက် ချဉ်ရည်ဟင်းလေးပါ ခရမ်းချဉ်သီးတလုံး ကြက်သွန်တလုံး ကြက်သွန်ဖြူ ငပိအနည်းငယ် ဆား (တလုံးသတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း)

5.       မုန်ညှင်း (မုန်ညင်းလို့ ရေးရ)

6.       မုန်ညှင်းက အသံတောင် ပီလာပါပြီ။ (မဟုတ်ပါ။ မုန်ညင်းအသံထွက် = မုန်ညင်း)

7.       မုန်ညှင်းကြော်ဟင်း cooking  xincooking ... (မုန်ညင်းလို့ ရေးရ)

8.       မုန်ညှင်းချည် (မုန်ညင်းချဉ်၊ မုန်ညင်းပေါင်းလို့ ရေးရ)

9.       မုန်ညှင်းစော ချက်နည်း | Shan ... (မုန်ညင်းလို့ ရေးရ)

10.  မုန်ညှင်းဖူးပေါင်း - Steamed Mustard ... (မုန်ညင်းလို့ ရေးရ)

11.  ရှမ်းပြည်ရဲ့ ဆောင်းရာသီစာ မုန့်ညှင်း(မုန်ညင်း)ပေါင်း

12.  ဟင်းစုံပေါင်းလေး ပေါင်းထားတယ် မျှစ် ပဲသီး မုံ့ညှင်းဖူး (မုန်ညင်းလို့ ရေးရ)

13.  အာလူး၊ မုန့်ညှင်းရယ် မှိုရယ်…

မုန်ညင်းလို့ ရေးရပါသည်။ မုန် မှာ အောက်မြစ်မလို။ ညင်း မှာ ဟထိုးမလိုပါ။

အသံထွက်

မုန်ညင်း = မုန်ညင်း

ညှင်း ဆိုတာ အရေပြားပေါ်မှာ အဖြူကွက်လေးတွေပေါက်တဲ့ ရောဂါအမည်ဖြစ်တယ်။ 

ညှင်းကို မစားရပါ။ အချဉ်မတည်ရပါ။

စာလုံးပေါင်းလွဲရင် လွဲတယ်။ 

အသံထွက်မှားရင် မှားတယ်။

ညှင်း ဆိုတာ အရေပြားပေါ်မှာ အဖြူကွက်လေးတွေပေါက်တဲ့ ရောဂါအမည်ဖြစ်တယ်။ ညှင်းကို မစားရပါ။ အချဉ်မတည်ရပါ။

စာလုံးပေါင်းလွဲရင် လွဲတယ်။ အသံထွက်မှားရင် မှားတယ်။

မုန်ညင်းဆီအသံထွက် = မုန်ညင်းဇီ။

တရုတ်မုန်ညင်း

မုန့်ညှင်းရွက်ကြော်

မုန်ညင်းခင်း

မုန်ညင်းချဉ်

မုန်ညင်းစိမ်း

မုန်ညင်းထုပ်

မုန်ညင်းပင်

မုန်ညင်းအချို

မုန်ညင်းအခါး

မုန်ညင်ဆီ

မုန်ညှင်းဖြူ

အိုးမုန်ညင်း(သို့မဟုတ်) ရေမုန်ညင်း

ဆောင်းရာသီ သတ်ပုံအများဆုံးပြင်ရတဲ့ အစားအစာတွေ = ပဲပုပ်၊ ခေါပုပ်၊ ခေါစီ၊ ခေါပျဉ်၊ မုန်ညင်းရွက်၊ မုန်ညင်းချဉ်။

Sticky rice in bamboo ကောက်ညှင်းကျည်တောက် ဋီကာ https://burmese-spelling.blogspot.com/2022/12/blog-post_439.html

ကိုက်လန် နှင့် မုန်ညင်း https://burmese-spelling.blogspot.com/2024/11/blog-post_519.html

မုန်ညင်းရွက်နှင့် ကိုက်လန်ရွက်တို့၏ ကွာခြားချက် https://burmese-spelling.blogspot.com/2026/10/blog-post_681.html

ရှမ်းမုန်ညင်းစော https://burmese-spelling.blogspot.com/2026/08/blog-post_496.html

ရာသီစာ မူကွဲများနှင့် အမှားများ https://burmese-spelling.blogspot.com/2024/12/blog-post_3.html

သတ်ပုံအများဆုံးပြင်ရတဲ့ အစားအစာများ https://burmese-spelling.blogspot.com/2025/04/blog-post_428.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ